Main menu

Background

ဘုရင့်နောင်မှာမတ်ပဲ (RC) နဲ့ ပဲစင်းငုံနီ(RC) ဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်

Tue, 02/01/2011 - 05:31 -- Anonymous (not verified)

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်                 ရေတွက်ပုံ              (ပြည်ပရောင်း)            (ပြည်တွင်းရောင်း)             ပြောင်းလဲမှု                                                                       ယခင်      ယခု             ယခင်         ယခု၁ မတ်ပဲ(RC)                    ၁ တန်                    ၇ဝ၈ဝဝဝ-၇၃၂ဝဝဝ            -              -၂ မတ်ပဲ(ှSQRC)                ၁ တန်                    ၈၃၅ဝဝဝ-၈၃ဝဝဝဝ - -၃ မတ်ပဲ(ကုန်ကြမ်း)           ၁ ပိဿာ                             -                         ၁၁၉ဝ-၁၁၉၅၄ ကုလားပဲဖြူလုံးကြီး         ၁ပိဿာ                              -                         ၁၂ဝဝ-၁၂ဝဝ၅ ပဲစင်းငုံနီ(သစ်)(RC)        ၁တန်                                 -                     ၇၂ဝဝဝဝ-၇၂၈ဝဝဝဘုရင့်နောင်မှာမတ်ပဲ (RC) နဲ့ ပဲစင်းငုံနီ(RC) ဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်                   ဒီတစ်ပတ် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)နှင့် ပဲစင်းငုံနီ (RC) က အစပိုင်းရက်တွေမှာ ဈေးကအမြင့်မှာရှိနေပြီး နောက်ပိုင်းမှာ ရန်ကုန်ဈေးကွက်တွင် ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုးဈေး ဆက်တိုက်ကျဆင်းနေတဲ့အပေါ် အိတ်စပို့ဝယ်လက်တွေက ဈေးချ အဝယ်ရှိတာကြောင့် ဈေးကျသွားပေမယ့် ယခင်အပတ်နဲ့စာရင်မတ်ပဲ (RC)က တစ်တန်ကို ၂၄ဝဝဝ ကျပ်ခန့်ဈေးမြင့်နေသေးသလို ပဲစင်းငုံနီ(RC)ကလည်း တစ်တန်ကို ၈ဝဝဝ ကျပ်ခန့်ဈေးမြင့်နေသေးတယ် လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက မတ်ပဲ (RC)တစ်တန်ကို အနိမ့်ဆုံး ၇၃ဝဝဝဝ ကျပ်မှ အမြင့်ဆုံး ၇၅၈ဝဝဝ ကျပ်အတွင်း တန် ၂၈၆ဝ ခန့်ဖြစ်ခဲ့သလို ပဲစင်းငုံနီ(RC)ကလည်း တစ်တန်ကို အနိမ့်ဆုံး ၇၂၈ဝဝဝ ကျပ်မှအမြင့်ဆုံး ၇၇၅ဝဝဝ ကျပ် အတွင်း တန် ၁၅၆၄ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်ထဲမှာ နေ့စဉ်ရက်ဆက်အရောင်းအဝယ်သွက်နေတဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာအစပိုင်းရက်တွေမှာ ဈေးကောင်းရနေပေမယ့် နောက်ပိုင်းမှာ အိတ်စပို့ဝယ်လက်တွေက အိန္ဒိယဈေးကွက်အခြေအနေနှင့် ရန်ကုန်မှာ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူ နစ်တန်ဖိုးဈေးဆက်တိုက်ကျနေတဲ့အပေါ် တွက်ချက်ဝယ်ယူမှုရှိလို့ ယခုလိုဈေးတွေလှုပ်လာတာလို့ ပဲကုန်သည်ကြီးများက ဆိုပါတယ်။