Main menu

Background

မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီးနဲ့ ပဲစင်းငုံနီဈေး အမြင့်မှာခိုင်မာနေ

Tue, 02/01/2011 - 05:44 -- Anonymous (not verified)

မန္တလေးကုန်စည်ဒိုင်စဉ် အမျိုးအမည်        ရေတွက်ပုံ      (ပြည်ပရောင်း)           (ပြည်တွင်းရောင်း)               ပြောင်းလဲမှု                                                  ယခင်       ယခု           ယခင်         ယခု ၁ ပဲတီစိမ်းကြီး             ၁ တန်      ၁ဝ၂၃၃ဝ၃-၁ဝ၃၄၃၂၆       -            - ၂ မတ်ပဲ                      ၁ ပိဿာ                  -                    ၁၁၃၃-၁၁၃၃၃ ကုလားပဲဖြူလုံးကြီး    ၁ ပိဿာ                   -                    ၁၃၉၇-၁၄၁၅၄ ပဲစင်းငုံနီ                  ၁ ပိဿာ                   -                      ၁ဝ၈၃-၁၁၁၇ဆက်သွယ်ရန် ဖုန်း-ဝ၂-၃၄၂၇၃ မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီးနဲ့ ပဲစင်းငုံနီဈေး အမြင့်မှာခိုင်မာနေ           ပဲတီစိမ်းကြီး အရည်အသွေးမျိုးစုံ မန္တလေးဈေးကွက်သို့ အဝင် ပုံမှန်ရှိသလို တရုတ်ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်ကလည်း တရုတ် နှစ်ကူးပွဲတော်နီးကပ်လာတာနဲ့အမျှ ဝယ်လိုအားများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၆၈၉ ကျပ် (တစ်တန်ကို ၁ဝ၃၄၃၂၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝဝ ခန့်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းအဟောင်းထက်စာရင် အသစ်ကိုဝယ်လိုအားများလာလို့ ဈေးအေးမသွားဘဲ ဈေးကဆက် လက်ခိုင်မာနေတယ်လို့ ဆိုပါတယ်။ပဲစင်းငုံနီက မန္တလေးဈေးကွက် သို့အဝင်များလာသလို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံလှောင်လက်ကုန် သည်တွေကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၁၇ ကျပ် (တစ်တန်ကို ၆၈၄ဝ၃၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝဝ မှ ၂ဝဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ(ကုန်ကြမ်း)ကတော့ ခွဲစက် သမားများနဲ့ ရန်ကုန်ဝယ်လက်က ဝယ်အားအထိုက်အလျောက်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ ခွဲစက်လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။