Main menu

Background

မုံရွာမှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီအရောင်းအဝယ်သွက်နေ

Tue, 02/01/2011 - 05:49 -- Anonymous (not verified)

မုံရွာကုန်စည်ဒိုင်စဉ် အမျိုးအမည်           ရေတွက်ပုံ                 ဈေးနှုန်း(ကျပ်)                    ပြောင်းလဲမှု                                              ယခင်အပတ်              ယခုအပတ်၁ ကုလားပဲဖြူလုံးကြီး       ၁ ပိဿာ         ၁၃၄၂                   ၁၃၆၈၂ ပဲစင်းငုံနီ                   ၁ ပိဿာ          ၁ဝ၉ဝ                  ၁၁၄ဝ၃ ပဲတီစိမ်းကြီး(သစ်)        ၁ ပိဿာ          ၁၄၄၇                 ၁၅၂၆၄ မတ်ပဲ(သစ်)               ၁ ပိဿာ           ၁၁၄ဝ                 ၁၁၆ဝ၅ ပဲတီစိမ်းသေး               ၁ ပိဿာ          ၁၂၃၇                  ၁၂၃၇ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၄မုံရွာမှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီအရောင်းအဝယ်သွက်နေ                ဒီတစ်ပတ် ပဲတီစိမ်းကို အိတ်စပို့ဝယ်လက်အဝယ်သွက်နေသလို အရောင်းအဝယ်အားကောင်းနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာကို ၁၅၂၆ ကျပ်(တစ်တန်ကို ၉၃၄၅ဝ၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ မုံရွာဈေးကွက်ထဲကို မုံရွာဝန်းကျင်နယ်စုံနဲ့ ကလေးနယ်ဘက် ကပဲတီစိမ်းတွေ နေ့စဉ်အိတ် ၁ဝဝဝ နဲ့အထက် အဝင်ရှိနေသလို ရောင်းအားဝယ်အားလည်း သွက်နေတယ်လို့ မြို့ခံကုန်သည်တစ်ဦး ကဆိုပါတယ်။ ပဲစင်းငုံနီကီ တော့ ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၄ဝ ကျပ်(တစ်တန်ကို ၆၉၈၁၂၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ နဲ့အထက်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကတော့ တစ်ပိဿာကို ၁၃၆၈ ကျပ်(တစ်တန်ကို ၈၃၇၇၄၉ ကျပ်)နဲ့ ခွဲစက်သမားများက အဝယ်ပုံ မှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်း သွားပြီလို့ မြို့ခံခွဲစက်ပိုင်ရှင်တစ်ဦးကဆိုပါတယ်။