Main menu

Background

ကုန်စည်ဒိုင်သုံးသပ်ချက်

Tue, 02/01/2011 - 06:36 -- Anonymous (not verified)

 ကုန်စည်ဒိုင်သုံးသပ်ချက်            မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန် သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ရန်ကုန် ဘုရင့်နောင် ဈေးကွက်မှာ မတ်ပဲ(RC) ရောင်းဈေးအတက်အကျ အပေါ်မူတည် ပြီး အဝယ်ရှိတာကြောင့် မုံရွာ၊ဟင်္သာတနှင့် ဘုရင့်နောင်မှာ ဈေးမြင့့်် နေပြီး မန္တလေးနဲ့ ပြည်မှာ ဈေးငြိမ်ေ် နကြောင်း တွေ့ရပါတယ်။ ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်တွေနဲ့  လှောင်လက်ကုန်သည် အချို့က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါ သွက်လာတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ မကွေး၊ အောင်လံ၊ ပြည်၊ ပခုက္ကူနဲ့ မြင်းခြံမှာ ဈေးမြင့်ေ့ နကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက် တရုတ်နှစ်ကူးပွဲတော်အမီ အဆွဲများလာတာကြောင့် မန္တလေး၊ မုံရွာနဲ့ မကွေး မှာ ဈေးမြင့်နေပြီး အောင်လံနဲ့ ပြည်မှာ ဈေးတန့်နေကြောင်း တွေ့ရပါတယ်။            ကုလားဖြူလုံးကြီးကတော့ ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင် တွေဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်း လက်ကျန် နည်းသွားတဲ့အပေါ် တွက်ချက်ဝယ်ယူမှုတွေရှိတာ ကြောင့် ဘုရင့်နောင်မှာ ဈေးငြိမ်နေပြီး မန္တလေးနဲ့ မုံရွာမှာ ဈေး ဆိုသိသလောက်မြင့်နေတာ တွေ့ ရပါတယ။်             ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ် ငန်းရှင်များက အဝယ်အားကောင်းနေပေမယ့် ပြောင်းဈေးကွက် သို့အဝင်များတာရယ်၊ ရောင်းသူကုန်သည်များ အရောင်းများနေ တာရယ်ကြောင့် လားရှိုးမှာ ဈေးအနည်းငယ်ကျနေပြီး မူဆယ်နဲ့ တောင်ကြီးတွင် ဈေးအနည်းငယ်မြင့်လာကာ အောင်ပန်းတွင် ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။