Main menu

Background

ယွမ် ၈ဝဝဝ အထိ တန်ဖိုးရှိ သွင်းကုန်ပစ္စည်းများ တရုတ်သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပေးထား

Tue, 02/01/2011 - 06:44 -- Anonymous (not verified)

ယွမ် ၈ဝဝဝ အထိ တန်ဖိုးရှိ သွင်းကုန်ပစ္စည်းများ တရုတ်သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပေးထား               မြန်မာ-တရုတ် နယ်စပ်ရှိ ယူနန်ပြည်နယ် ကိန်းမားခရိုင်၊ လင်ချန်းဒေသ၊ ယင်ကျန်းခရိုင်၊ လိုင်ရင်းဒေသ များရဲ့ သွင်းကုန်မူဝါဒအချို့ကို အသိပေးလိုပါတယ်။ တရုတ်နိုင်ငံကို တင်သွင်းတဲ့ ကုန်ပစ္စည်းရဲ့တန်ဖိုးယွမ် ၈ဝဝဝ (ကန်ဒေါ်လာ ၁၂ဝဝခန့် /ကျပ် ၁ဝ သိန်း)ထိကို သွင်းကုန်အခွန်ကောက်ခံခြင်းမပြုဘဲ သယ်ဆောင်ခွင့် ပြုထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှ တရုတ်ဘက်သို့ တင်ပို့တဲ့ကုန်ပစ္စည်းအပေါ်  SPT ပုံစံပူးတွဲတင်ပြပါက အခွန်နှုန်းထားများ လျော့ပေါ့ ကောက်ခံ ပေးလျက် ရှိပါတယ်။                မြန်မာနိုင်ငံအတွင်းသို့ မျိုး၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးစတဲ့ သွင်းအားစုများနဲ့ စိုက်ပျိုးစရိတ် အထောက်အပံ့ရယူ စိုက်ပျိုးတဲ့ ကြံနဲ့အခြား ဘိန်းအစားထိုးသီးနံှများကို တရုတ်နိုင်ငံသို့ ပြန်လည်တင်သွင်းမယ်ဆိုလျှင် အခွန်ကောက်ခံမှု လုံးဝ မရှိပါဘူး၊ ကိုတာစနစ်နဲ့တင်သွင်းခွင့်ပြုထားတဲ့ ဆန်၊ ပြောင်း၊ ရော်ဘာစတဲ့ပစ္စည်းများအပေါ် တရုတ်နိုင်ငံကုမ္ပဏီဟာ တရုတ် နိုင်ငံကုန်သွယ်ရေးဌာနရဲ့ ခွင့်ပြုချက်လိုင်စင်ကို ၆ လတစ်ကြိမ် လျှောက်ထားရယူ တင်သွင်းလျက်ရှိပါတယ်။ Source: SaSaDa,MIRT (DOBT)