Main menu

Background

ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်ရှိတဲ့ စပါးမျိုးစေ့များပြင်ဆင်နေပြီလို့အင်ဒိုနီးရှားဝန်ကြီးမှဆို

Sun, 02/06/2011 - 05:15 -- Anonymous (not verified)

 ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်ရှိတဲ့ စပါးမျိုးစေ့များပြင်ဆင်နေပြီလို့အင်ဒိုနီးရှားဝန်ကြီးမှဆို            ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိစေဖို့နဲ့ နိုင်ငံအတွင်း လုံလောက်တဲ့ ဆန်သိုလှောင်မှုပြုလုပ်ဖို့ စပါးမျိုးစေ့ သုံးမျိုးကို အင်ဒိုနီးရှားလယ်ယာစိုက်ပျိဲးရေးဝန်ကြီးဌာနက ပြင်ဆင်နေတယ်လို့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ အဲဒီစပါး ၃ မျိုးရဲ့ အမည်က အင်ပါရာ( Impara) အင်ပါဂို(Inpago)  နဲ့ အင်ပါရီ ၁၃ (Impari 13)  တို့ဖြစ်တယ်လို့ သိရပါတယ်။           အင်ပါရာမျိုးစေ့ဟာ အလွန်အမင်း စွတ်စိုတဲ့ အခြေအနေမှာ စိုက်ပျိုးနိုင်ပြီး၊ အထူးသဖြင့် ရွံ့ရေထဲမှာလည်း စိုက်ပျိုးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ အင်ပါဂိုမျိုးစေ့က ပူပြင်းခြောက်သွေ့တဲ့ မြေမှာ စိုက်ပျိုးနိုင်ပြီး အင်ပါရီ-၁၃ မျိုးစေ့ကတော့ ပိုးမွှားဒဏ်ခံနိုင်တဲ့ မျိုးစေ့ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီမျိုးစေ့ ၃ မျိုးကို ရာသီဥတုအပြောင်းအလဲမှာ စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက် တဲ့ အစီအစဉ်တွေထဲက တစ်ခုဖြစ်ပါတယ်လို့ လယ်ယာစိုက်ပျိုးရေးဝန်ကြီး Siswono က ပြောကြားပါတယ်။           ဝန်ကြီးဌာနအနေနဲ့ နိုင်ငံရဲ့ ရာသီဥတု၊ မိုးလေဝသနဲ့ ပထဝီအနေအထားအကြား ဆက်စပ်နေမှုတွေကို အမြဲတမ်း စောင့်ကြည့်နေပြီး တောင်သူလယ်သမားတွေ ကောင်းကောင်းမွန်မွန်စိုက်ပျိုးနိုင်ဖို့ လယ်ယာလုပ်ငန်းစဉ်များ ညွှန်ကြားမှု ပြုနေတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ယခုနှစ် မတ်လမှ ဧပြီလအတွင်း စပါးအမြောက်အများ ရိတ်သိမ်းဖို့ မျှော်လင့်ထားကြောင်းနဲ့ လာမယ့် ရိတ်သိမ်းရာသီမှာ ဆန်အရည်အသွေးပိုမိုတိုးတက်ဖို့ အစီအစဉ်တွေလည်း ပြင်ဆင်နေတယ်လို့ ဝန်ကြီးက ပြောကြားပါတယ်။ လဝန်း၊ှSource: Xinhua .com