Main menu

Background

ထိုင်းအစိုးရက ဆန်ဝယ်ယူမယ့် အစီအစဉ်ထုတ်ပြန်

Sun, 02/06/2011 - 05:15 -- Anonymous (not verified)

 ထိုင်းအစိုးရက ဆန်ဝယ်ယူမယ့် အစီအစဉ်ထုတ်ပြန်             ထိုင်းစီးပွား ကူးသန်းဝန်ကြီး ဌာနက ဆန်ဖြူတန် ၂ သန်း ဝယ်ယူဖို့ ဘတ်ငွေ ၃ဝ ဘီလီယံ (ကန်ဒေါ်လာ ၉၇၁ သန်း) သုံးစွဲခွင့် တင်ပြလာခြင်းကို ထိုင်းနိုင်ငံတော် ဆန်မူဝါဒကော်မတီက အစိုးရအတွက် ကြီးမားတဲ့ ဘဏ္ဍာရေး ဝန်ထုတ်ဝန်ပိုး မဖြစ်စေဖို့ ပယ်ချခဲ့တယ်လို့ သိရပါတယ်။ အဲဒီတင်ပြချက် ဟာ ၂ဝ၁ဝ-၂ဝ၁၁ သီးနံှအတွက် စီးပွား ရေးဘဏ်များက ဘတ်ငွေ ၃ဝ ဘီလီယံ ချေးငှားဖို့ပဲဖြစ်ပါတယ်။           ယခင်အစိုးရရဲ့ အပေါင်ခံမူဝါဒ အရ ဆန်သိုလှောင်မှုကို ထိန်းထားဖို့ အစိုးရက သုံးစွဲငွေ ဘတ် ၉ ဘီလီယံ (ကန်ဒေါ်လာ ၂၉၁ သန်း) ခွင့်ပြုခဲ့ တယ်လို့ ဒုတိယဝန်ကြီးချုပ်Trairong Suwannakhiri က ပြောကြားပါ တယ်။ သိုလှောင်ဆန်တန်ချိန် ၅ သန်း အနက် ၄ သန်းမှာ ရောင်းချပြီး ဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။ ဝယ်လိုအားက ထုတ်လုပ်မှုထက် ကျော်လွန်နေ တာကြောင့် ကမ္ဘာ့ဆန်ဈေးမြင့်တက် လိမ့်မယ်လို့လည်း ၎င်းကခန့်မှန်းထားပါ တယ်။             ကမ္ဘာ့ဆန်ထုတ်လုပ်မှုမှာ တန်ချိန် ၄၅၂ ဒသမ ၃၆ သန်းခန့်ရှိပြီး ဝယ်လိုအားက တန်ချိန် ၄၅၂ ဒသမ ၇၆ သန်းအထိ ရှိနိုင်တယ်လို့လည်း သိရပါတယ်။ လမင်းး၊Source: oryza.com