Main menu

Background

ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ ဝယ်လိုအားနှင့် လာနီညာကြောင့် ဆန်ဈေးနှုန်းခိုင်မာမည်ခန့်မှန်း

Sun, 02/06/2011 - 05:19 -- Anonymous (not verified)

  ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ ဝယ်လိုအားနှင့် လာနီညာကြောင့် ဆန်ဈေးနှုန်းခိုင်မာမည်ခန့်မှန်း                ဇန်နဝါရီလနှောင်းပိုင်းတွင် အာရှဆန်ဈေး ပြန်လည် ခိုင်မာလာတယ်။ အထူးသဖြင့် ထိုင်းဆန်ဖြူ ပြည်ပ တင်ပို့မှု ဈေးနှုန်းများ တစ်တန်ကို ၅ ဒေါ်လာမှ ၁၅ ဒေါ်လာအထိ ဈေးမြင့်လာတယ်။ ဗီယက်နမ်နဲ့ ပါကစ္စတန် ဆန်ဖြူ ဈေးနှုန်း မှာမူ ပြောင်းလဲမှုမရှိတည်ငြိမ်လျက်ရှိတယ်။ အင်ဒိုနီးရှားမှ ထိုင်းဆန်ဖြူတန်ချိန် ၈၂ဝဝဝဝ ဝယ်ယူ လိုက်ခြင်းက ဇန်နဝါရီ ၂၆ ရက်နေ့မှစပြီး ထိုင်းဆန်ဖြူဈေးနှုန်းကို မြှင့်တင်ပေးလိုက်ပါ တယ်။                    ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး ထိုင်းနိုင်ငံရဲ့ ဆန်ထုတ်လုပ် မှု ခန့်မှန်းချက်အရ ယခုနှစ်ပထမအကြိမ်ထွက် နှုန်းမှာ တန်ချိန် ၂၂ ဒသမ ၁၇၇ သန်းသာဖြစ်မယ် ရည်မှန်းပြီး ယခင်နှစ် ထွက်ရှိမှုတန်ချိန် ၂၃ ဒသမ ၂၅ သန်း ထက်ကျ ဆင်းသွားပါတယ်။ ဒါကြောင့် ၂ဝ၁ဝ-၂ဝ၁၁ သီးနံှရာသီ အတွင်း ဖေဖော်ဝါရီလမှ ဇွန်လအထိစိုက်ပျိုး ရိတ်သိမ်းမယ့် ဒုတိယအကြိမ်ထွက်ရှိမဲ့ ဆန်ထွက်နှုန်းကိုမူ ၉ ဒသမ ၅ သန်း ခန့်မှန်းထားပြီး ယခင်နှစ်အလားတူ ကာလ ထွက်ရှိမှုတန်ချိန် ၈ ဒသမ ၈ သန်းထက် ပိုမိုကြောင်း ထိုင်းလယ်ယာစီးပွားရုံးရဲ့ ဥက္ကဌ Apichart Jongsakul ကပြောကြားခဲ့ပါတယ်။ ထွက်နှုန်းတိုးနိုင်သော်လည်း ကမ္ဘာ့ဆန်တင်သွင်းမှု အများဆုံးနိုင်ငံ များရဲ့ ဆန်ဝယ်လိုအား မှာလည်း တိုးတက်နေပြီး ဈေးနှုန်းကျဆင်းမှာမဟုတ်ကြောင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလား ဒေ့ရှ်တို့ရဲ့ ဝယ်လိုအားက ဆန်ဈေးနှုန်းကို ခိုင်မာစေမှာ ဖြစ်ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း ဥက္ကဌက ပြောကြားပါတယ်။               ဗီယက်နမ်ကလည်း ၂ဝ၁ဝ အတွင်း ဆန်တန်ချိန် ၆ ဒသမ ၇၅ သန်းတင်ပို့နိုင်ခဲ့ပြီး ၂ဝ၁၁ တွင် တန်ချိန် ၆ သန်း နီးပါးသာ တင်ပို့မယ်လို့ ဗီယက်နမ်လယ်ယာ စိုက်ပိုျးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Diep Kinh Tan က ပြောကြား ပါတယ်။ လာနီညာရာသီဥတုကြောင့် အာရှနဲ့ သြစတြေးလျ တွင် ယခင်နှစ်ကတည်းက သာမန်ထက် မိုးသည်းထန်စွာ ရွာသွန်းမှုက ဒုတိယသုံးလပတ်ကာလအထိ ကြာရှည်နေဦး မယ်လို့ သြစတြေးလျမိုးလေဝသနဲ့ ဇလဗေဒဗျူရိုက ခန့်မှန်း ထားပါတယ်။ ဒါကြောင့် ဆန်ဈေးကို မြင့်တက်စေနိုင်မယ်လို့ အမေရိကန် ဆန်ထုတ်လုပ်သူများအသင်းက ခန့်မှန်းထား ပါတယ်။ပပ၊ ှSource:bloomberg.com