Main menu

Background

မုံရွာ ဈေးကွက်မှာ စိမ်းသေးအဝယ်သွက်

Sun, 02/06/2011 - 05:55 -- Anonymous (not verified)

မုံရွာ ဈေးကွက်မှာ စိမ်းသေးအဝယ်သွက်                 မုံရွာကုန်စည်ဒိုင် ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက်မှာ စိမ်းကြီးထက်စိမ်းသေးက ပစ္စည်းအဝင်ပိုသလို အရောင်း အဝယ်လည်း ပိုသွက်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း မန္တလေးနဲ့ ရန်ကုန်က ပုံမှန်ထက် အဝယ်ပိုသွက်ခဲ့ရာ ဈေးလည်းအနည်းငယ်မြောက်လာခဲ့ပါတယ်။ ယခုတစ်ပတ်မှာ စိမ်းကြီးတစ်တင်း ၃ဝဝဝဝ ကျပ်ထိ အမြင့်ဆုံးတက်ခဲ့ပြီး၊ စိမ်းသေးကတော့ တစ်တင်း ၂၃၅ဝဝ ကျပ်မှာ ဈေးမာနေပါတယ်။ မုံရွာကုန်စည်ဒိုင် ယခုအပတ် ပဲတီစိမ်းဈေးကွက်မှာ စိမ်းကြီး တစ်ရက် တင်း ၄ဝဝ ခန့်နဲ့ စိမ်းသေး တစ်ရက်တင်း ၁ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါ တယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မုံရွာကုန်စည်ဒိုင် နယ်မြေကနေ ပဲတီစိမ်းတင်ပို့စီးထွက်မှုအနေနဲ့ မန္တလေးကို တင်း ၁၆ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၉ဝဝဝ ခန့်ရှိကြောင်း ဈေးကွက်ကဆိုပါတယ်။                                                        ထွန်းလှိုင်