Main menu

Background

ပြည်ပဲတီစိမ်း အဝင်ပါးပြီးဈေးငြိမ်

Sun, 02/06/2011 - 05:57 -- Anonymous (not verified)

ပြည်ပဲတီစိမ်း အဝင်ပါးပြီးဈေးငြိမ်                ပြည်ဈေးကွက်သို့ ပဲတီစိမ်းသီးနံှများ ၂ဝ၁ဝ နှစ်ကုန်အထိ အဝင်များခဲ့ပြီး အရောင်းအဝယ်လည်း သွက်ခဲ့ပါတယ်။ ၂ဝ၁၁ ဇန်နဝါရီလတွင် ပဲတီစိမ်းအဝင်နည်းလာခဲ့သလို ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ကျပ် ၂၅ဝဝဝ မှ ၂၈ဝဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ပဲတီစိမ်းမှာ လက်ကျန်သမားများသာ လာရောက်ရောင်းချကြတဲ့အတွက် အဝင်ပါးလာခဲ့ပါတယ်။ ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ၂၈၅ဝဝ ကျပ်ဖြင့် ရန်ကုန်ဝယ်လက်အဝယ်ရှိတဲ့ရက်မှာ တစ်ရက်လျှင် အိတ် ၁၅ဝ-၂ဝဝ အထိ အရောင်းအဝယ်ဖြစ်တယ်လို့သိရ ပါတယ်။ ဇန်နဝါရီလအတွင်း ပဲတီစိမ်းတင်ပို့မှုမှာ အိတ် ၇၂ဝဝ ခန့်ရှိခဲ့ပြီး၊ ရန်ကုန်သို့ ၆၄ဝဝ အိတ်၊ မန္တလေးသို့ အိတ် ၅ဝဝ နဲ့ မကွေးသို့ အိတ် ၃ဝဝ ခန့် တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။                                                                                  ခင်ဆွေဝင်း