Main menu

Background

မုံရွာကုလားပဲဈေးကွက် ဗွီတူးအသစ်အဝယ်သွက်

Sun, 02/06/2011 - 05:58 -- Anonymous (not verified)

မုံရွာကုလားပဲဈေးကွက် ဗွီတူးအသစ်အဝယ်သွက်                 မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်အနေနဲ့ ဇန်နဝါရီလကုန်ပတ်က ပဲဟောင်းအားလုံးနီးပါး လက်ကျန်ပြတ်ခဲ့လို့ အရောင်းအဝယ်အေးနေရာက ဖေဖော်ဝါရီ လဆန်းပိုင်းမှာ ဗွီတူးအသစ်တွေ မုံရွာဝန်းကျင်ကနေ ဈေးကွက်ထဲ စတင် ဝင်လာခဲ့ပြီး တစ်တင်း ကျပ် ၂၃၅ဝဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက် က ကြားသိရပါတယ်။ မုံရွာ၊ ယင်းမာပင်၊ ပုလဲစတဲ့ နယ်တွေက မုန်တိုင်း မိုးကြောင့် ထိခိုက်မှုနည်းခဲ့ပြီး မြေပြင်ချိန်စောတော့ တောင်သူတွေရဲ့ ဗွီတူးတွေ အခုလို ဈေးကွက်ထဲစောစောဝင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်း မုံရွာကုန်စည်ဒိုင်ကုလားပဲဈေးကွက်မှာ ပေါက်ဈေးတွေကတော့ ထိုင်ဝမ်အဟောင်း တစ်တင်း ၂၄၅ဝဝ ကျပ်၊ ဗွီတူးအသစ်တစ်တင်း ၂၃၅ဝဝ ကျပ်နဲ့ ၉၂၉ အဟောင်း တစ်တင်း ၂၅ဝဝဝ ကျပ်အသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။ လောလော ဆယ်မှာ ဗွီတူး အသစ်တစ်ရက်ကို တင်း ၃ဝဝခန့် ဝင်ရောက်လျက်ရှိပြီး၊ ဇန်နဝါရီလ အတွင်း ကုလားပဲ တင်ပို့မှုအနေနဲ့ မန္တလေးကို တင်း ၃၂ဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၉ဝဝခန့် စီးထွက်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။         ထွန်းလှိုင်