Main menu

Background

ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး (ဓာတ်ဆီ/ဒီဇယ်ဆီ)

Sun, 02/06/2011 - 06:24 -- Anonymous (not verified)

ဒီဇယ်တန်ချိန် လေးသောင်းရှစ်ထောင်ကျော် ပင်လယ်ရေကြောင်းမှတင်သွင်းခဲ့              ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ပင်လယ်ရေကြောင်းကနေ ဇန်နဝါရီလ ၂၄ ရက်မှ ၃၁ ရက်တာကာလအတွင်း ဒီဇယ်ဆီပီပါ သုံးသိန်းခြောက်သောင်း ကျော်၊ တန်ချိန်အားဖြင့် လေးသောင်းရှစ်ထောင်ကျော် တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့ တဲ့ သီတင်းပတ် ဒီဇယ်ဆီအဝင်တန်ချိန်မှာ တစ်သောင်းရှစ်ထောင်ကျော်ရှိခဲ့တဲ့ အတွက် ဒီတစ်ပတ်အဝင် သုံးဆနီးပါး ပိုမိုတင်သွင်းနိုင်ခဲ့တာတွေ့ရပါတယ်။ ဇန်နဝါရီ လဒီဇယ်ဆီအဝင် စုစုပေါင်းမှာ တန်ချိန် တစ်သိန်းလေးသောင်းကျော်ရှိခဲ့ပြီး ၂ဝ၁ဝ ဒီဇင်ဘာလ ဒီဇယ်ဆီအဝင်စုစုပေါင်းမှာ တစ်သိန်းရှစ်သောင်းကျော်ရှိခဲ့တာကြောင့် ဇန်နဝါရီလမှာ အဝင်အနည်းငယ်လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT-DOT  နှစ်သစ်ကူးကာလ ကန်ပိုက်တီးနယ်စပ်မှ တင်သွင်းမှုလျော့နည်း               ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်ထိကာလအတွင်းမှာ ကော့သောင်းနဲ့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဓာတ်ဆီ ၆၁၆၂၁ ဂါလန် ကန်ဒေါ်လာ ဝ ဒသမ ၁၇၃ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ တာချီလိတ် နယ်စပ် ကုန်သွယ်ရေးစခန်းမှ ၄၇၂၆၈ ဂါလန်နဲ့ ကော့သောင်းနယ်စပ်မှ ၁၄၃၅၃ ဂါလန် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မှာ တာချီလိတ်နယ်စပ်မှ ဒီဇယ်ဆီ ၈၁၇၁ဝ ဂါလံနဲ့ ကန်ပိုက်တီးနယ်စပ်မှ ဒီဇယ်ဆီ ၁ဝ၂၃၇၅ ဂါလန် စုစုပေါင်း ၁၈၄ဝ၈၅ ဂါလန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၅၇၇ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီ ၁၁ဝ၈၉ ဂါလန်နဲ့ ဒီဇယ်ဆီ ၂၉၂၆ဝ၃ ဂါလန် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ စက်သုံးဆီ တင်သွင်းမှု အနေနဲ့ အစိုးရဌာနမှ တင်သွင်းမှုများရှိခဲ့သော်လည်း စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများမှာ လိုင်စင်လက်ကျန်နည်းခြင်း၊ စီမံကိန်းလုပ်ငန်းများ လုပ်ဆောင်လျက် ရှိတဲ့ ကန်ပိုက်တီးနယ်စပ်မှာ တရုတ်နှစ်သစ်ကူးကာလဖြစ်တဲ့အတွက် ကန်ပိုက်တီး နယ်စပ်မှ တင်သွင်းမှု လျော့နည်းခြင်းတို့ကြောင့် စက်သုံးဆီများ ယခုအပတ်မှာ တင်သွင်းမှုလျော့နည်းခဲ့ရခြင်းဖြစ်ပါတယ်။ MIRT-DOBT ပြည်တွင်း လက်လီအရောင်းအဝယ်ဈေးပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်                                                                                                 ဖေဖော်ဝါရီ ၂ဝ၁၁            ဝယ်ဈေးဓာတ်ဆီ(ကျပ်)                    ဝယ်ဈေးဒီဇယ်(ကျပ်)ရက်       ရန်ကုန်      မန္တလေး                       ရန်ကုန်          မန္တလေး၃၁          ၃၁ဝဝ        ၃၄ဝဝ                         ၃ဝဝဝ          ၃၂ဝဝ၁            ၃၁ဝဝ        ၃၄ဝဝ                         ၃ဝဝဝ          ၃၂ဝဝ၂            ၃၁ဝဝ        ၃၄ဝဝ                         ၃ဝဝဝ          ၃၂ဝဝ၃            ၃၁ဝဝ        ၃၄ဝဝ                         ၃ဝဝဝ          ၃၂ဝဝ၄            ၃၁ဝဝ        ၃၄ဝဝ                         ၃၁ဝဝ          ၃၂ဝဝMIRT-DOT