Main menu

Background

အီဂျစ် အကျပ်အတည်းကြောင့် ရေနံဈေး ၁ဝ၃ ဒေါ်လာထိတက်

Sun, 02/06/2011 - 06:30 -- Anonymous (not verified)

အီဂျစ် အကျပ်အတည်းကြောင့် ရေနံဈေး ၁ဝ၃ ဒေါ်လာထိတက်                  အီဂျစ်နိုင်ငံရဲ့ အကျပ်အတည်းပြင်းထန်လာပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၃ ရက်က အာရှကုန်သွယ်မှုမှာ ကမ္ဘာ့ရေနံဈေး မြင့်တက်လာခဲ့ပါတယ်။ ဘရင့်မြောက်ပင်လယ်ရေနံစိမ်းရဲ့ မတ်လအတွက်ကြိုပွိုင့်ဈေးက ၈၈ ဆင့်မြင့်တက်ပြီး အာရှကုန်သွယ်မှုမှာ မွန်းလွဲပိုင်းက တစ်စည်ကို ၁ဝ၃ ဒသမ ၂၂ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။                   နယူးယောက်ကြိုပွိုင့်ဈေးကွက်မှာ ရေနံစိမ်းအကဲျရဲ့ မတ်လအတွက် ကြိုပွိုင့်ဈေးက ၆၅ ဆင့်မြင့်တက်ပြီး တစ်စည်ကို ၉၁ ဒသမ ၅၁ ဒေါ်လာ နှုန်းရှိခဲ့ပါတယ်။ ရေနံဈေးနှုန်းတွေ ဆက်လက်မြင့်တက်လာမယ့် အလား အလာရှိချိန်မှာ အီဂျစ်နိုင်ငံမှာ အကြမ်းဖက်ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့အတွက် ရင်းနှီးမြှုပ်နံှသူတွေက ရေနံကို ပိုမိုဝယ်ယူလာကြတယ်လို့ တိုကျိုမြို့ Newedge  အကျိုးဆောင်လုပ်ငန်းမှ ဟာဆဲဂါဝါက ပြောပါတယ်။ ဘရင့်ရေနံစိမ်းဈေးဟာ တစ်စည်ကို ၁ဝ၅ ဒေါ်လာအထိ ရောက်နိုင် တယ်လို့လည်း သူကပြောပါတယ်။ အမေရိကန်ပြည် ထောင်စု အိုကာကာ အိုမားရှိ ကူရှင်းဆိပ်ကမ်းမှာ ရေနံအပိုတွေရှိနေတဲ့အတွက် ဘရင့်ရေနံစိမ်း ဈေးနှုန်းနဲ့ နယူးယောက်အခြေခံဈေးနှုန်းတွေရဲ့ အတက်အကျက ကွာခြားမှု ရှိမယ်လို့ သူကပြောပါတယ်။ Source : AFP ဉာဏ်တင်