ထိုင်းဘိလပ်မြေ ပိုသွင်းလာ ဇန်နဝါရီလနောက်ဆုံးပတ်ဖြစ်တဲ့ ဇန်နဝါရီ ၂၄ ရက်မှ ၃၁ ရက်တာ ကာလ အတွင်း ဘိလပ်မြေတန်ချိန် ၂၇၁၈ဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၂၇၂၃ဝဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းလာပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံ တွေကတော့ ပါကစ္စတန်နိုင်ငံမှ တန်ချိန် ၁ဝ၈ဝ နဲ့ ထိုင်းနိုင်ငံ မှTPI ဘိလပ်မြေ တန်ချိန် ၁ဝဝဝ၊MOUNTAIN ြ ဘိလပ်မြေ ၆၆ဝဝ ၊ ဆင် တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၈၅ဝဝ တို့ကို အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင် ဘိလပ်မြေအဝင် တန်ချိန် နှစ်သောင်းလေးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် အဝင်ပိုခဲ့ပါတယ်။ ဇန်နဝါရီလချုပ်အနေနဲ့ အဝင်က တန်ချိန် တစ်သိန်းလေးသောင်းကျော်ရှိခဲ့ ပြီး ယခင်လ ဒီဇင်ဘာအဝင်က တန်ချိန် တစ်သိန်းတစ်သောင်းကျော်ရှိခဲ့တဲ့အတွက် အဝင်ပိုခဲ့ပါတယ်။ ဇန်နဝါရီလအတွင်း အသွင်းအများဆုံးနိုင်ငံကတော့ ထိုင်းနိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် ယခင်နှစ် ဇန်နဝါရီလ ဘိလပ်မြေကန်ဒေါ်လာ ၈ ဒသမ ၃၇ သန်းဖိုးသာအဝင်ရှိခဲ့ပြီး ၂ဝ၁၁ ဇန်နဝါရီလမှာတော့ ၁၂ ဒသမ ဝ၅ သန်းအထိ တည်ဆောက်ရေးလုပ်ငန်းတွေကြောင့် အဝင်သိသိသာသာတိုးလာတာ တွေ့ရပါတယ်။MIRT (DOT) နယ်စပ်က တန်ချိန် ၆၇ဝဝ သွင်း ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်ထိ ကာလအတွင်း နယ်စပ်ကုန် သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၄၆၃ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၆၆၉၆ တန် တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းနိုင်မှုတွေ ကတော့ မူဆယ်မှ ၆၅ တန်၊ လွယ်ဂျယ်မှ ၁၁၇၉ တန်၊ ကန်ပိုက်တီးမှ ၂၉၉၇တန်၊ တာချီလိတ်မှ ၂၃၂၅ တန်၊ မြိတ်မှ တန် ၁ဝဝ နဲ့ စစ်တွေမှ တန် ၃ဝ အသီးသီး ဖြစ်ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် ၁၉ တန်သာလျော့နည်းခဲ့ပါတယ်။ ယခင် အပတ်နဲ့နှိုင်းယှဉ်လျှင် ကန်ပိုက်တီး၊ မြိတ်နဲ့ စစ်တွေမှ တင်သွင်းမှုလျော့နည်းခဲ့သော် လည်း လွယ်ဂျယ်နဲ့ တာချီလိတ်နယ်စပ်စခန်းများမှ တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် ်တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၃ဝဝ(လက်ကား) ဘိလပ်မြေ (စိန်) ၅၁၅ဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(AAA) ၅၃ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၉ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၅ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၇၅ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၈ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၇ဝဝ ဘိလပ်မြေ(စိန်) ထိုင်း ၅၈၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၈၅ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆၅ဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝ MIRT (MAPT)
Background