Main menu

Background

အာဂျင်တီးနားမှာ ပြည်တွင်းနိုင်ငံရေး မငြိမ်သက်လို့ ပဲပုပ်နဲ့ ပြောင်းဈေးနှုန်းမြင့်တက်

Sun, 02/06/2011 - 07:46 -- Anonymous (not verified)

အာဂျင်တီးနားမှာ ပြည်တွင်းနိုင်ငံရေး မငြိမ်သက်လို့ ပဲပုပ်နဲ့ ပြောင်းဈေးနှုန်းမြင့်တက်                  ကမ္ဘာ့ ပဲပုပ် အများဆုံး တင်ပို့တဲ့ အမေရိကန်ရဲ့ သီးနံှများကို ဝယ်လို အားတက်ခြင်းနဲ့ အာဂျင်တီးနား ပြည်တွင်းနိုင်ငံရေး မငြိမ်သက်မှု တွေ ကြောင့် ပဲပုပ်ဈေးနှုန်းက လ ၃ဝ အတွင်း အမြင့်ဆုံးကို ဖြစ်လာသလို ပြောင်း ဈေးနှုန်းလည်း မြင့်တက်လာ တယ်လို့ သိရပါတယ်။ အမေရိကန် ပြောင်း တန်ချိန် ၁၂ဝဝဝဝ နဲ့ ပဲပုပ် တန်ချိန် ၁၁ဝဝဝဝ ကို သြဂုတ်လ ၃၁ ရက် မတိုင်မီ တင်ပို့ ရမယ်လို့ စိုက်ပျိုး ရေး ဌာနက ဖေဖော် ဝါရီလ ၁ ရက်နေ့ မှာ ပြောကြားခဲ့ပါတယ်။ အာဂျင် တီးနားမှာ ပြည်တွင်းနိုင်ငံရေး မငြိမ်သက်နေခြင်းက အမေရိ ကန်မှ တင်ပို့ မှုကို ပိုမိုမြင့်တက်စေတယ် လို့ ဝါရင့် ဈေးကွက် လေ့လာဆန်းစစ်သူ Dale Durchholz က ပြောကြားပါတယ်။ ချီကာကိုမှာ မတ်လပို့ရမယ့် ပဲပုပ် ကြိုပွိုင့်ဈေးက ၁ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁၄ ဒသမ ၃၈ (တစ်တန်ကို ကန်ဒေါ်လာ ၅၃၂) ဖြစ် ခဲ့လို့ ၂ဝဝ၈ ခုနှစ် ဇူလိုင် ၂၁ ရက်မှာ အမြင့် ဆုံးဖြစ် ခဲ့တဲ့ တစ်ဘူရှယ် ၁၄ ဒသမ ၄ဝ၅ (တစ်တန်ကို ကန်ဒေါ်လာ ၅၃၃) နီးပါး ရောက်ရှိလာတယ်လို့သိရပါတယ်။ မတ်လပို့ရမယ့် ပြောင်း ကြိုပွိုင့် ဈေးလည်း ၁ ရာခိုင်နှုန်း မြင့် တက်ပြီး တစ်ဘူရှယ်ကို ကန် ဒေါ်လာ ၆ ဒသမ ၆၆ (တစ်တန်ကို ကန်ဒေါ်လာ ၂၆ဝ) ဖြစ်ခဲ့လို့ လွန်ခဲ့တဲ ၁၂ လအတွင်း ၈၆ ရာခိုင်နှုန်း မြင့် တက်ခဲ့တယ်လို့ သိရပါ တယ်။ ပြောင်း ဈေးနှုန်းဟာ လွန်ခဲ့တဲ့ နှစ်က ရုရှား၊ ယူကရိန်းနဲ့ ဥရောပ အခြားဒေသများ အတွင်းမိုး ခေါင် ခြောက်သွေ့လို့ သီးနံှ များ အထွက် လျော့ပြီးနောက် အမြင့်မှာပဲ စိုးမိုး နေခဲ့ တာဖြစ်ပါတယ်။ ယခုလိုဈေးနှုန်းမြင့်တက် ရခြင်း ဟာ ပဲပုပ်နဲ့ ပဲပုပ်ဆီအများဆုံး တင်သွင်းတဲ့ တရုတ်နိုင်ငံက ဝယ်လိုအား တက်လာတဲ့ အလားအလာ များ ကြောင့်လည်း ဖြစ်ပါတယ်လို့ နယူးယောက်ရှိ ဝါရင့်ဆီထွက်သီးနံှ လေ့လာ ဆန်းစစ်သူ Anne Frick  က ပြော ကြားပါတယ်။ယမင်းခင်၊ Source: Bloonberg .net