Main menu

Background

မတ်ပဲ လက်ရှိဈေးနဲ့မာနေ

Sun, 02/06/2011 - 07:56 -- Anonymous (not verified)

အိန္ဒိယစားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုဟာ ယခင်သီတင်းပတ် က ၁၅ ဒသမ ၅၇ ရာခိုင်နှုန်းရှိရာမှ ဇန်နဝါရီလ ၂၁ ရက်မှာ ကုန်ဆုံး တဲ့ သီတင်းပတ်အတွင်း ၁၇ ဒသမ ဝ၅ ရာခိုင်နှုန်းကို မြင့်တက်ခဲ့ပြန် ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီမှာ ပုံမှန်အားဖြင့် အသီးအရွက်နဲ့ ဟင်းသီးဟင်းရွက်များဈေးကွက်ကို လှိုင်လှိုင်ဝင်ရောက်ချိန်ဖြစ်လို့ လာမယ့် ကာလတွေမှာတော့ စားနပ်ရိက္ခာဈေးနှုန်း ပြန်လည်လျော့ကျနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ မတ်ပဲ လက်ရှိဈေးနဲ့မာနေ            အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ယခုတစ်ပတ်အတွင်း မတ်ပဲ ဈေးက လက်ရှိဈေးဝန်းကျင်မှာ ခိုင်မာနေပါတယ်။ ဈေးကွက်တွေမှာ လက်ကျန်နည်းနေပြီဖြစ်ပြီး လက်ကားဈေးကွက်မှာ မတ်ပဲလက်ကျန် အိတ် တစ်သောင်း-တစ်သောင်းခွဲခန့်သာရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက ပဲအသစ်များ မတ်လလယ်မှာ ဝင်ရောက်လာဖွယ်ရှိပြီး ပြည်တွင်းပဲအသစ်များမှာ ဖေဖော်ဝါရီလကုန်မှာ ဝင်ရောက်ဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ပဲအသစ်ဝင်လာချိန်ထိ ဈေးကွက်ထဲမှာ မတ်ပဲဈေးခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီး သီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်း တွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁                                                                                        ဒေါ်လာ/တန်  ဈေးကွက်           ၃ .၂ .၁၁              ၂ .၂ .၁၁               ၁ .၂ .၁၁                 ၃၁ .၁ .၁၁မွန်ဘိုင်း                 ၉၅၉                      ၉၄၂                   ၉၅ဝ                       ၉၅၂ဒေလီ                    ၉၉၇                      ၉၅၄                ၉၆ဝ-၉၆၆                ၉၅၈-၉၆၃ချန်နိုင်း              ၉၆၄-၁ဝ၅၂               ၉၈၆-၁၁၁၈          ၉၅ဝ-၁ဝ၅၉                ၉၆၃-၁ဝ၈၈