Main menu

Background

ပင်လယ်ရေကြောင်းက ဒီတစ်ပတ် ဒေါ်လာ ၅ သန်းဖိုးတင်

Sun, 02/06/2011 - 08:51 -- Anonymous (not verified)

ပင်လယ်ရေကြောင်းက ဒီတစ်ပတ် ဒေါ်လာ ၅ သန်းဖိုးတင်                ဇန်နဝါရီလ ၂၄ ရက်မှ ၃ဝ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၄၉၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၅ ဒသမ ၈၁၇ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်က ၁၃ဝဝ တန်ကျော်တင်ပို့ ခဲ့တာကြောင့် တင်ပို့မှု ပုံမှန်လို့ ဆိုရပါမယ်။တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်ကို MSR(20)  တန် ၁ဝဝ၊RSS-3  ၈၂ တန်၊RSS-5 တန် ၆ဝ၊ မလေးရှားကိုMSR(50) တန် ၄ဝ၊RSS-3  ၇ဝ၅ တန်၊RSS-5 ၂၆၃ တန်နဲ့ စင်္ကာပူကို MSR(20)၂ဝ၁ တန်၊RSS-3  တန် ၄ဝ အသီးသီးတင်ပို့ခဲ့ကြောင်း သိရပါတယ်။ပင်လယ်ရေကြောင်း က တင်ပို့တဲ့ FOB ဈေးနှုန်းတွေကတော့RSS-3  တစ်တန်ကို ၄၉ဝဝ ဒေါ်လာ၊ RSS-5 တစ်တန်ကို ၄၈ဝဝ ဒေါ်လာနဲ့ MSR(20)  တစ်တန်ကို ၄၉ဝဝ ဒေါ်လာဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW