Main menu

Background

ဒီတစ်ပတ်နယ်စပ် အပို့တန် ၈ဝဝ ခန့်သာရှိ

Sun, 02/06/2011 - 08:52 -- Anonymous (not verified)

 ဒီတစ်ပတ်နယ်စပ် အပို့တန် ၈ဝဝ ခန့်သာရှိ              ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ရော်ဘာအဆင့်စုံ ၅၂၉ တန် ချင်းရွှေဟော်နယ်စပ်မှ ၁၄၄ တန်နဲ့ မြိတ်နယ်စပ်မှ ရော်ဘာ ၁၁၅ တန်၊ စုစုပေါင်း ၇၈၈ တန်၊ ကန်ဒေါ်လာ ၄ ဒသမ ၈၉၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က ၈၅၆ တန် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၆၈ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။                     နယ်စပ်စခန်းအလိုက် ရော်ဘာတင်ပို့နိုင်မှုများကတော့ မူဆယ်နယ်စပ်မှ RSS (1)  ၁၅ တန်၊RSS (3) ၂၁၅ တန်၊ MSR (20) ၂၃၉ တန်၊MSR (50)  တန် ၆ဝ နဲ့ မြိတ်နယ်စပ်မှRSS (3) တန် ၁ဝဝ၊RSS (5) ၁၅တန်၊ ချင်းရွှေဟော်မှ RSS (1) ၃၈ တန်၊RSS (3) ၄၆ တန်၊RSS (5) တန် ၆ဝ၊ စုစုပေါင်း ၇၈၈ တန် ဖြစ်ပါတယ်။             တရုတ်ဈေးကွက်သို့ RSS (3) အပို့များပြီး တရုတ်ဈေးကွက်မှာ တစ်တန်ကို ယွမ် ၃၂ဝဝဝ၊RSS (5) တစ်တန်ကို ၃၁၅ဝဝ ယွမ်ပေါက်နေပြီး ယခုအပတ် ရွှေလီပေါက်ဈေးတစ်တန်ကို ယွမ် ၁ဝဝဝ ခန့် မြင့်တက်ပေမဲ့ နှစ်ကူး ကာလနီးတာကြောင့် အရောင်းအဝယ်ပုံမှန်သာရှိနေတယ်လို့ သိရပါတယ်။မိမိတို့တင်ပို့ လျက်ရှိသော ရော်ဘာများဟာ ကရင်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေက ထွက်ရှိတာဖြစ်ပါတယ်။မိမိဘက်ဈေးပြောင်းလဲမှုမရှိပါဘူး။မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပေါက်ဈေးများကို ဖော်ပြပေးလိုက်ရပါတယ် -                        မိမိဘက်(ကျပ်/တန်)                                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                  ယခု            ယခင်       ပြောင်းလဲမှု       %      ယခု        ယခင်            ပြောင်းလဲမှု           %RSS(3)      ၄ဝ၉၂၈၄၅    ၄ဝ၉၂၈၄၅                                 ၄၈၆၄     ၄၈၅၄               ၁ဝ                ဝ .၂RSS(5)      ၃၈၆ဝဝ၁၅     ၃၈၆ဝဝ၁၅                                ၄၇၈၈      ၄၇၇၈              ၁ဝ                ဝ .၂MIRT (DOBT)