Main menu

Background

ရော်ဘာများ အရွက်ေြွကချိန် အစေးလျော့သွား

Sun, 02/06/2011 - 09:05 -- Anonymous (not verified)

ရော်ဘာများ အရွက်ေြွကချိန် အစေးလျော့သွား                   မြိတ်မြို့နယ်အတွင်း ကျေးရွာများရှိ ရော်ဘာခြံများ ယခုအချိန်မှာ အစေးခြစ်ယူထုတ်လုပ်လျက်ရှိသော်လည်း အထွက်နှုန်းကျဆင်းသွားပါတယ်။ ယခုလိုကျဆင်းလာခြင်းမှာ ဒေသတွင်း ရော်ဘာအရွက်ဟောင်းများ ေြွကချိန် အအေးပေါ့သွားတဲ့အချိန်တို့ကြောင့် ဖြစ်ပါတယ်။              ဒေသတွင်းပူပြင်းလာသည်နှင့်အမျှ ရော်ဘာပင်တို့ အရွက်ဟောင်းများေြွကကျပြီး အစေးထွက်ရှိမှု နည်းပါးသွားတာ ကို သိရှိရပါတယ်။ ရော်ဘာခြံရှင်များ ရော်ဘာအစေးမှ မှိုင်းခံပြားအထိ ပြုလုပ်ပြီး၊ မြို့ပေါ်အဝယ်ဒိုင်များသို့ ရောင်းချရာတွင် လည်း ယခင်ကထက်များစွာလျှော့ချသွားပါတယ်။ ဖေဖော်ဝါရီလကုန်ပြီး အရွက်သစ်များဖြန့်ဝေလာချိန်မှာ အစေးထွက်ရှိမှု ပြန်လည် ကောင်းမွန်လာမှာဖြစ်ကြောင်း၊ ရော်ဘာခြံရှင်များရဲ့ ပြောကြားချက်အရ သိရပါတယ်။ မြိုတ်မြို့နယ်အတွင်းရော်ဘာဈေးနှုန်းမှာ မနိမ့်ကျသွားဘဲ ရော်ဘာ RSS-3  တစ်ပေါင် ၁၆၁၁ ကျပ်၊RSS-4 တစ်ပေါင် ၁၅၈၃ ကျပ်၊ RSS-5 တစ်ပေါင် ၁၅၅၅ ကျပ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။ ဝင်းစိန်