Main menu

Background

ရော်ဘာဈေးနှုန်းတက်၍ အိန္ဒိယဖိနပ်လုပ်ငန်းများ ထိခိုက်

Sun, 02/06/2011 - 09:09 -- Anonymous (not verified)

ရော်ဘာဈေးနှုန်းတက်၍ အိန္ဒိယဖိနပ်လုပ်ငန်းများ ထိခိုက်                အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်က ဂျလန်ဒါဖိနပ်လုပ်ငန်းဟာ ရော်ဘာဈေးနှုန်းတွေမြင့်တက်မှုကြောင့် စိုးရိမ်သောက ရောက်လျက်ရှိနေပါတယ်။ ယခင်က ရော်ဘာဈေးနှုန်းဟာ တစ်ကီလိုဂရမ်ကို ရူပီး ၁ဝဝ ခန့်သာ ရှိခဲ့ပြီး ယခုအချိန်မှာတော့ ၂၄၅ ရူပီးဝန်းကျင်ကို ရောက်ရှိနေကြောင်း သိရပါတယ်။ ၂ဝ၁ဝ တစ်နှစ်ထဲမှာတင် ၆၃ ရာခိုင်နှုန်းဈေးတက်ခဲ့ကြောင်း သိရပါတယ်။ ပန်ဂျပ်မှ စက်မှုလုပ်ငန်းဟာ တစ်နိုင်ငံလုံး ရော်ဘာထုတ်လုပ် မှုရဲ့ ၁၂ ရာခိုင်နှုန်းကို သုံးစွဲပါတယ်။ အိန္ဒိယဟာ စတုတ္ထအကြီးဆုံးရော်ဘာထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး ဒုတိယ သုံးစွဲမှုအများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ တရုတ်က သုံးစွဲမှု အများဆုံးနိုင်ငံဖြစ်ပါတယ်။ သဘာဝရော်ဘာ တင်ပို့တင်သွင်းခြင်း တင်းကြပ်မှုက စက်မှုလုပ်ငန်းများအတွက် ဈေးနှုန်းမြင့်တက်ဖို့ တွန်းအားပေးနေကြောင်း သိရပါတယ်။Source: Commodity Online,KZW