Main menu

Background

ဒေသတွင်းဝယ်လက်ကြောင့် ပုံမှန်ရောင်းဝယ်နေတဲ့ မန်းပြောင်းဈေးကွက်

Sun, 02/06/2011 - 09:19 -- Anonymous (not verified)

ဒေသတွင်းဝယ်လက်ကြောင့် ပုံမှန်ရောင်းဝယ်နေတဲ့ မန်းပြောင်းဈေးကွက်             မန်းဈေးကွက်တွင် တရုတ်နှစ်သစ်ကူးကာလဖြစ်သော်လည်း ပြောင်းဖူးစေ့ ဈေးကွက်မှာ ဈေးအေးမသွားဘဲ ယခင်ပတ်ထက် ဈေးအနည်းငယ်ငြိမ်လာပြီး အရောင်းအဝယ်ဖြစ်နေပါတယ်။ ယခင်တစ်ပတ်မှာ ပြောင်းဖူးစေ့ ရှမ်းတစ်ပိဿာ ၂၆၉ ကျပ်၊ ပြောင်း(ဗမာ) ၂၅၉ ကျပ်၊ အထွက်တိုးပြောင်း ၂၉၂ ကျပ်၊ စီပီပြောင်း ၂၇၂ ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ကြသော်လည်း ယခုတစ်ပတ်မှာတော့ ပြောင်းဖူးစေ့ ရှမ်းနဲ့ စီပီပြောင်းမှာ တစ်ပိဿာ ၂၇၂ ကျပ်၊ ပြောင်းဖူးစေ့ (ဗမာ) ၂၆၉ ကျပ်၊ အထွက်တိုးပြောင်း ၂၈၃ ကျပ်ဈေးတို့ဖြင့် ယခင်ပတ်ထက်ဈေးမြင့်လာပြီး အရောင်းအဝယ်ဖြစ်နေကြပါတယ်။ ဈေးကွက်အတွင်းသို့ နယ်စုံ၊ ဒေသစုံမှ ပြောင်းဖူးစေ့များဝင်ရောက်နေပြီး တရုတ်နှစ်သစ်ကူးကာလဖြစ်လို့ တရုတ်ဝယ်လက် အနည်းငယ်အေးသွားပြီး လှောင်လက်သမားများနဲ့ ဒေသတွင်း အစာစပ်လုပ်ငန်း ရှင်များရဲ့ ဝယ်လိုအား ကောင်းနေတာကြောင့် ဈေးအေးမသွားဘဲ ဈေးမာနေတာ ဖြစ်တယ်လို့ ပြောင်းကုန်သည်များက ပြောကြပါတယ်။ ကျော်ကျော်မိုး