၂ဝ၁၁ တွင် ရော်ဘာဝယ်လိုအား ၄ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်မည် လာမယ့်နှစ်မှာ မော်တော်ကားရောင်းချရနှုန်းတွေ မြင့်တက်လာပြီး သုံးစွဲမှုတွေ ပိုမိုလာမှာကြောင့် သဘာဝ ရော်ဘာဝယ်လိုအား ၄ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ဖွယ်ရှိကြောင်း နိုင်ငံတကာ ရော်ဘာလေ့လာရေးအုပ်စု(IRSG) ကပြောကြားပါတယ်။ ကမ္ဘာ့ရော်ဘာသုံးစွဲမှုက ၂ဝ၁၁ မှာ ၁၁ ဒသမ ၂ မက်ထရစ်တန်ရှိနိုင်ပြီး နောက်နှစ်မှာ ၁၁ ဒသမ ၆ မက်ထရစ်တန်အထိ ရောက်ရှိနိုင်ကြောင်း (IRSG) ရဲ့အတွင်းရေးမှူးက ပြောကြားခဲ့ပါတယ်။ ရောင်းလိုအား လိုအပ်ချက်က တာယာနဲ့ လက်အိတ်လုပ်ငန်း များရဲ့ဈေးနှုန်းကို မြင့်တက်စေကြောင်း ၎င်းကဆက်လက်ပြောကြားပါတယ်။ အရှေ့တောင်အာရှရဲ့ ထုတ်လုပ်မှု အများဆုံး နိုင်ငံတွေမှာ မိုးရွာသွန်းမှုကြောင့် အစေးထွက် ထိခိုက် ခြင်းနဲ့ တရုတ်နဲ့ အိန္ဒိယရဲ့ ကားရောင်းချရနှုန်း တက်လာတာကြောင့် ၂ဝ၁ဝ မှာတော့ ရော်ဘာဈေးနှုန်းက ၅ဝ ရာခိုင်နှုန်းမြင့်တက်ကာ စံချိန်တင်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ ကမ္ဘာ့အကြီးဆုံး သုံးစွဲသူဖြစ်တဲ့ တရုတ်ရဲ့ရော်ဘာ ဝယ်လိုအားက ၉ ရာခိုင်နှုန်း မြင့်တက်ဖွယ် ရှိပါတယ်။ ၂ဝ၁ဝ မှာ ကမ္ဘာ့ဝယ်လိုအားက တန်ချိန် ၁၃ ဒသမ ၁ သန်းရှိနိုင်ပြီး ၂ဝ၂ဝ မှာ တန်ချိန် ၁၅ ဒသမ ၄ သန်းကို ရောက်ရှိနိုင်ပြီး ထုတ်လုပ်မှုကတော့ တန်ချိန် ၁၃ ဒသမ ၈ သန်းသာရှိနိုင်ကြောင်း (IRSG) ရဲ့ အတွင်းရေးမှူးက ပြောကြားပါတယ်။ ဒီခန့်မှန်းချက်က သာမန်ထုတ်လုပ်မှု အခြေအနေကို တွက်ချက်ထားတာ ဖြစ်ပြီး အသစ်စိုက်ပျိုးထုတ်လုပ်ခြင်းတွေက အစေးထွက်တိုးခဲ့ရင်တော့ ရောင်းလိုအားတွေတိုးလာမှာဖြစ်တယ်လို့ ၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ လာနီညာရာသီဥတုကြောင့်ဖြစ်တဲ့ မိုးရွာသွန်းမှုက ထိပ်တန်း ထုတ်လုပ်သူတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေရဲ့ အထွက်နှုန်းကို ထိခိုက်စေခဲ့ပါတယ်။ ထိုင်းမိုးလေဝသဌာနကတော့ ဇန်နဝါရီမှ ဧပြီလအတွင်း ပုံမှန်ထက်ပိုတဲ့ မိုးရွာသွန်း မှုဖြစ်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ တကယ်လို့ ဝယ်လိုအားကောင်းခဲ့မယ်ဆိုရင် ဈေးကွက်ထဲမှာ အကျပ်အတည်း တွေ့နိုင်မှာဖြစ်ပြီး ဈေးနှုန်းမြင့်တက်ခြင်းက ရော်ဘာစိုက်ပိုျးသူတွေကို အကိုျးဖြစ်ထွန်းစေမှာ ဖြစ်ကြောင်း သိရပါတယ်။ တိုကိုျကုန်စည်ဒိုင်ရဲ့ အရောင်းအဝယ်အဖြစ်ဆုံးစာခုျပ်ဈေးနှုန်းက ၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ၅၇၂၅ ဒေါ်လာဖြစ်ခဲ့ကြောင်း သိရပါတယ်။ တရုတ်ရဲ့ ရော်ဘာသုံးစွဲမှုက ယခုနှစ်မှာ တန်ချိန် ၃ ဒသမ ၆ သန်းရှိနိုင်ပြီး အိန္ဒိယရဲ့ သုံးစွဲမှုကတော့ ၉၉၁ဝဝဝ တန်ကို ရောက်ရှိနိုင်ကြောင်း ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC) ကခန့်မှန်းထားပါတယ်။ တရုတ်ရဲ့စီးပွားရေးတိုးတက်မှုနှုန်းက ၂ဝ၁ဝ မှာ ၁ဝ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ပြီး ၃ နှစ်အတွင်း အမြန်ဆုံးနှုန်းနဲ့ တိုးတက်ခဲ့တာဖြစ်ကြောင်း အစိုးရက ကြေငြာခဲ့ပါတယ်။ တရုတ်ရဲ့ကားရောင်းချနှုန်းက ၂ဝ၁ဝ မှာ ၃၂ ရာခိုင်နှုန်း မြင့်တက်ပြီး ၁၈ ဒသမ ဝ၆ သန်းအထိ ရောက်ရှိခဲ့ကာ ယခုနှစ်မှာတော့ ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်ဖွယ်ရှိကြောင်း တရုတ် မော်တော်ကားထုတ်လုပ်သူများအသင်းက ခန့်မှန်းထားပါတယ်။ ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း (ANRPC) အသင်းဝင်နိုင်ငံများက ကမ္ဘာ့ရောင်းလိုအားရဲ့ ၉၂ ရာခိုင်နှုန်းကို ထုတ်လုပ်ပြီး ယခုနှစ်မှာတော့ ၄ ဒသမ ၈ ရာခိုင်နှုန်းပိုမိုက တန်ချိန် ၉ ဒသမ ၉ သန်း ထုတ်လုပ်နိုင်မယ်လို့ အသင်းကခန့်မှန်းထားပါတယ်။ ဒီခန့်မှန်းချက်ကတော့ အဖွဲ့ဝင်နိုင်ငံများရဲ့ အစိုးရပိုင်းရဲ့လျာထားချက်ကနည်းပြီး ပုဂ္ဂလိကပိုင်အသင်းအဖွဲ့တို့က ၇ ဒသမ ၇ ရာခိုင်နှုန်းတိုးပြီး တန်ချိန် ၁ဝ ဒသမ ၂ သန်း ခန့်မှန်းထားပါတယ်။ နိုင်ငံတကာ ရော်ဘာလေ့လာရေးအုပ်စု(IRSG) မှာ အဖွဲ့ဝင် ၁၆ နိုင်ငံနဲ့ ဥရောပ ယူနီယံနိုင်ငံများပါဝင်ပါတယ်။ ကမ္ဘာထုတ်လုပ်မှုအများဆုံး ထိုင်းနိုင်ငံနဲ့ တတိယ ထုတ်လုပ်မှု အများဆုံး မလေးရှားတို့က(IRSG) ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး ဒုတိယထုတ်လုပ်မှု အများဆုံး အင်ဒိုနီးရှားကတော့ အဖွဲ့ဝင် နိုင်ငံမဟုတ်ကြောင်း သတင်းရရှိပါတယ်။ ုKZW,Source: Blomberg.com
Background