Main menu

Background

ရေထွက်ကုန်တင်ပို့မှုက ယခင်နှစ်ထက် ဒေါ်လာ ၆၂ သန်းကျော်ပို

Sun, 02/06/2011 - 09:35 -- Anonymous (not verified)

ရေထွက်ကုန်တင်ပို့မှုက ယခင်နှစ်ထက် ဒေါ်လာ ၆၂ သန်းကျော်ပို                 ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာလက်ရှိရရှိထားသော ဝင်ငွေမှာ ယခင်နှစ်က အနေအထားထက်နှိုင်းယှဉ်ပါက ဒေါ်လာ ၆၂ သန်းကျော် ပိုမိုရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန က သိရသည်။ ''ရေထွက်ကုန်တင်ပို့မှုက ရရှိတဲ့ဝင်ငွေက ဒေါ်လာ ၄၆၄ ဒသမ ၉၆၃ သန်းရှိထားပါပြီ။မနှစ်က ၂ဝဝ၉ ဧပြီလ ၁ ရက်ကနေ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ရရှိခဲ့တဲ့ဝင်ငွေက ဒေါ်လာ ၄ဝ၂ ဒသမ ၆၃၈ သန်း ပါ။အဲဒီဝင်ငွေနှစ်ခုကို နှိုင်းယှဉ်လိုက်ရင် ဒီနှစ်ထဲမှာရရှိထားတဲ့ ဝင်ငွေက ဒေါ်လာ ၆၂ သန်းကျော် ပိုရထားတာ တွေ့ရပါတယ်''ဟုယင်းဌာနက တာဝန်ရှိသူတစ်ဦးက ပြောပြသည်။                ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလအတွင်း အပတ်စဉ်ရေထွက်ကုန်တင်ပို့မှုက ရရှိဝင်ငွေမှာ ဇန်နဝါရီလ ၁ ရက်မှ ၉ ရက်အထိ ဒေါ်လာ ၉ ဒသမ ၉၉၂ သန်း၊ ဇန်နဝါရီလ ၁ဝ ရက်မှ ၁၆ ရက်အထိ ဒေါ်လာ ၈ ဒသမ ၈၇၆ သန်း၊ ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်အထိ ဒေါ်လာ ၉ ဒသမ ၈၆၃ သန်း၊ ဇန်နဝါရီလ ၂၄ ရက်မှ ၃ဝ ရက် အထိ ဒေါ်လာ ၁ဝ ဒသမ ၆၂၃ သန်း၊စုစုပေါင်းဒေါ်လာ ၃၉ ဒသမ ၃၅၄ သန်းရရှိခဲ့သည်ဟု ဆိုသည်။ MN