Main menu

Background

ငါးရှဉ့်-ကဏန်းကို လေကြောင်းလိုင်းက ဒေါ်လာ ၁၁ သန်းကျော်ဖိုးတင်ပို့ထား

Sun, 02/06/2011 - 09:38 -- Anonymous (not verified)

ငါးရှဉ့်-ကဏန်းကို လေကြောင်းလိုင်းက ဒေါ်လာ ၁၁ သန်းကျော်ဖိုးတင်ပို့ထား                  ၂ဝ၁၁ ခုနှစ်ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ငါးရှဉ့်နှင့် ကဏန်းကို လေကြောင်းလိုင်းက ဒေါ်လာ ၁၁ သန်းကျော်ဖိုး တင်ပို့ထားကြောင်း သိရသည်။                   ''ငါးရှဉ့်နဲ့ကဏန်းတွေကို လေကြောင်းလိုင်းကနေတင်ပို့ ဖို့ ခွင့်ပြုထားတဲ့အတွက် လုပ်ငန်းရှင်တွေက လေကြောင်း လိုင်းကို ရွေးချယ်တင်ပို့လာကြပါတယ်။ငါးရှဉ့်ကိုလေကြောင်း လိုင်းကနေ တင်ပို့တာ ဒေါ်လာ ဝ ဒသမ ဝ၆၆ သန်းဖိုးနဲ့ ကဏန်းကိုလေယာဉ်နဲ့ တင်ပို့ရောင်းချတာဒေါ်လာ ၁၁ ဒသမ ၂၄၉ သန်း၊ စုစုပေါင်းဒေါ်လာ ၁၁ သန်းကျော်ဖိုး ရှိနေပါပြီ'' ဟုငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။                  ငါးရှဉ့်နှင့်ကဏန်းကို လေကြောင်းလိုင်းအပြင် နယ်စပ် ကုန်သွယ်ရေးစခန်းအလိုက် တင်ပို့မှုမှာ မူဆယ်၊ မြဝတီ၊ မြိတ်နှင့်ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းများက ဒေါ်လာ ၉ ဒသမ ၆၇၉ သန်း၊ ငါးရှဉ့်ကို မူဆယ်နှင့် မြဝတီ စခန်းများက ဒေါ်လာ ၁၉ ဒသမ ၄၉၈ သန်းဖိုး တင်ပို့ထားပြီး ဖြစ်သည်ဟု ဆိုသည်။ MN