Main menu

Background

ပုသိမ်-ရန်ကုန် မော်တော်ယာဉ်လိုင်းသစ်တိုးခဲျ့ပြေးဆွဲ

Sun, 02/06/2011 - 10:14 -- Anonymous (not verified)

 ပုသိမ်-ရန်ကုန် မော်တော်ယာဉ်လိုင်းသစ်တိုးခဲျ့ပြေးဆွဲ                ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ ရန်ကုန်တိုင်းဒေသကြီးသို့ သွားလာရာ တွင် ယခင်ရေလမ်းခရီးဖြင့်သာ အဓိကသွားလာလျက်ရှိရာမှ ယခုအချိန်တွင် အချိန်ကုန်သက်သာပြီး သွားလာမှုလွယ်ကူမြန်ဆန်သော မော်တော်ကားများနဲ့သာ အများ ဆုံး သွားလာလျက်ရှိပါတယ်။                ပင်လယ်ပိုင်းဒေသဖြစ်တဲ့ ဟိုင်းကြီး၊ ပြင်ခရိုင်နဲ့ အနီးအနား ကျေးရွာများ၊ ငပုတောမြို့နယ်၊ ပုသိမ်မြို့နယ်အတွင်းရှိ ခရီးသွားများ ရန်ကုန်သို့သွားလာရာမှာ ရွှေမန်းသူ၊ ချမ်းမြေ့အေး၊ စိုးအေး၊ နေလဝင်းမြင့်၊ နဝရတ်၊ နိုင်အောင်ကျော် မော် တော်ယာဉ်ဂိတ်များမှ ပုသိမ်-ရန်ကုန်ခရီး ပြေးဆွဲနေပါတယ်။ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာမှု၊ ခရီးသွားများ အသွားများလာမှု တို့ကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ငွေကြယ်ခရီးသည်ပို့ဆောင်ရေး၊ ကားဂိတ် အသစ် ထပ်မံဖွင့်လှစ်ပြီး ၄၅ယောက်စီး လေအိတ်ကားများနဲ့ ပုသိမ်-ရန်ကုန် ယာဉ် လိုင်းအသစ် ထပ်မံတိုးခဲျ့၍ ပြေးဆွဲလျက်ရှိကြောင်းသိရပါတယ်။  မင်းမင်းဦး