Main menu

Background

စက်မှုဇုန်ထုတ် အဆင့်မြင့်ကားများ ဦးဆောင်နေသည့် ကားဈေးကွက်

Sun, 02/06/2011 - 10:20 -- Anonymous (not verified)

 စက်မှုဇုန်ထုတ် အဆင့်မြင့်ကားများ ဦးဆောင်နေသည့် ကားဈေးကွက်           ဖေဖော်ဝါရီ လဆန်းပိုင်းတွင် တရုတ်နှစ်သစ်ကူး ပွဲတော်ကာလနှင့် တိုက်ဆိုင်နေသဖြင့် ရန်ကုန်မြို့၏ ကား  ပွဲစားတန်းများတွင် ကားဝင်ကားထွက် လူဝင်/လူထွက်ပါးကာ ဈေးတန်းမှာ လည်း အကျဖက်သို့ ဦးတည်နေခဲ့ သည်။                    ဆက်လက်ပြုလုပ် နေသည့် ကား လေလံပွဲများ၊ ၂ဝ၁၁ ခုနှစ် နှစ်လယ် အထိ ထုတ်လုပ်ခွင့်ပြုထားသော စက်မှု ဇုန်ထုတ် အဆင့်မြင့် အမ်ပီဗွီ (ဘက်စုံ သုံးလူစီးယာဉ်) များဝင်ရောက်လာခြင်း၊ ကားအရောင်းပြခန်းများ များပြားလာ ပြီး ရောင်းချလာခြင်းစသည်တို့ကြောင့် လည်း ဈေးတန်းနေပြီး အရောင်း အဝယ်ပါးကာ အကျဘက်သို့ တဖြည်းဖြည်းရောက်လာကြောင်း သိရသည်။             ကားပွဲစားတန်းများထဲတွင် ယခု ကာလခေတ်စားလာသည်မှာ စက်မှုဇုန် ထုတ် အဆင့်မြင့်ယာဉ်များဖြစ်ကာ ကားသစ်စီးနိုင်ပြီး ဈေးနှုန်းသက်သာ၍ လူအမေးများနေခြင်းဖြစ်ကြောင်း သိရသည်။ ယခုတင်သွင်းပြသနေသည့် စက်မှုဇုန်ထုတ်အဆင့်မြင့်လူစီးယာဉ်ငယ် များသည် ပြည်တွင်းစက်မှုဇုန်များတွင် တပ်ဆင်ထုတ်လုပ်ခြင်းဖြစ်သလို စက်မှု ကော်မတီ၏ သတ်မှတ်ချက်နှင့် ညီညွှတ်သဖြင့် တရုတ်နိုင်ငံမှ ယာဉ်စီးလုံး တင်သွင်းရောင်းချပေးသည့် ကားများ လည်းပါကြောင်း၊ အလားတူကုမ္ပဏီ များမှ ကိုရီးယားနည်းပညာဖြင့် တပ်ဆင် ထုတ်လုပ်ထားသည့် ကားများ လည်း ပါဝင်သဖြင့် တန်ဖိုးနည်းပြီး ပစ္စည်းစုံသော ကားသစ်များအား ကား မဝယ်ရသေးသူများအကြိုက်တွေ့လာပြီး ဝယ်ယူလာကြသဖြင့် မကြာသေးမီက ကျင်းပပြီးစီးခဲ့သော ကားအရောင်းပြပွဲ တစ်ခုအပြီးတွင် အဆိုပါတရုတ်နိုင်ငံ ထွက်ကားများ လက်ကျန်မရှိလောက် အောင် ရောင်းချရကြောင်း သိရသည်။ ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့ သော နေပြည်တော်မှ ကားလေလံတွင် ယာဉ် ကောင်းများပါရှိဦး ယခုရက်ပိုင်း ဖေဖော်ဝါရီလ ပထမအတွင်း ပြုလုပ်သည့် ကားလေလံမှာ ကားစီးရေနဲပြီး လက်ကျန်ကားများသာပါကြောင်း သိရ သည်။ လာမည့်ကာလများတွင် ဂျပန် ဟွန်ဒါကုမ္ပဏီကြီးမှ ယာဉ်ထုတ်လုပ်မှု တွင် ပါဝင်လာမည်ကြားသိရ၍ လည်း ကောင်း၊ အဆင့်မြင့်ဇုန်ထုတ် ကားများ သာမက ပြည်ပနှင့် ဖက်စပ်ထုတ်မည့် ကားများ စသည်ဖြင့် ရွေးချယ်စရာများ လာသဖြင့် နောက်ပိုင်းကားဈေးကွက် မှာ ဝယ်သူဈေးကွက် ဖြစ်လာနိုင်သည် ဟု ဝါရင့်ယာဉ်အကျိုးဆောင်များမှ ဆိုကြသည်။ SN