Main menu

Background

မန္တလေးမြေကွက်များ ရန်ကုန်ဝယ်လက် ဆင်းဝယ်

Sun, 02/06/2011 - 10:26 -- Anonymous (not verified)

မန္တလေးမြေကွက်များ ရန်ကုန်ဝယ်လက် ဆင်းဝယ်                       မန္တလေး မြေဈေးကွက်သို့ ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များနဲ့ မြေဝယ်ရောင်းလုပ်ကိုင်သူများ ဝင်ရောက်လာပြီး၊ မြို့သစ်မြေကွက်အချို့ ဈေးကွက်ပြောင်းလဲမှုရှိခဲ့ကာ ပုံမှန်အရောင်းအဝယ်လည်းရှိကြောင်း သိရပါတယ်။ ''ရန်ကုန်အဖွဲ့က မြေဆင်းဝယ်တဲ့အတွက် မြို့သစ်က တတ၊ ဆဆ၊ ထထ၊ ဆ အကွက်တွေ ပုံမှန်အရောင်းအဝယ် ရှိလာတယ်။ ဝယ်ရောင်းသမားတွေ အရောင်းအဝယ်လုပ်လာတဲ့အတွက် ဈေးကွက်လှုပ်တဲ့သဘောပါ။ ရှေ့ရက်ပိုင်းက အရောင်း အဝယ်ကွက်ကျားဖြစ်နေတာ။ ရန်ကုန်အဖွဲ့ဝင်လာပြီးနောက်မှာ ပုံမှန်အရောင်းအဝယ်ရှိလာခဲ့တာ''လို့ မြေအကျိုးဆောင် တစ်ဦးက ပြောပါတယ်။                   မြေဝယ်ရောင်းသူများကြောင့် ဈေးကွက်ပြောင်းလဲမှုရှိခဲ့ရာ 'တတ' အကွက် ၆၂ လမ်းမပေါ်အကွက်များ သိန်း ၁ဝဝဝ ဝန်းကျင်၊ 'ထထ' အကွက်များ သိန်း ၂ဝဝ နဲ့ ၄ဝဝ ကြား၊ 'ဇဇ' အကွက်များ သိန်း ၄ဝဝ အောက်၊ 'ဆ-၁' 'ဆ-၂' 'ဆ-၃' အကွက်များမှာ သိန်း ၅ဝဝ နဲ့ ၈ဝဝ ကြားရှိကြောင်းသိရပါတယ်။ ဇူးဇူး