အိန္ဒိယနိုင်ငံ ပြည်တွင်းကြက်သွန်နီဈေးနှုန်း ထက်ဝက်ကျော်ကျဆင်း အိန္ဒိယနိုင်ငံ စားနပ်ရိက္ခာဝန်ကြီး က ၂၇.၁.၂ဝ၁၁ ရက်နေ့တွင် Nafed၊ NCCF နဲ့ Kendriya Bhandar ကော် ပိုရေးရှင်းတို့ကို နယူးဒေလီမှာ ကြက်သွန်နီတစ်ကီလို (၂၂-၂၃) ရူပီးနဲ့ ၁.၂.၂ဝ၁၁ ရက်နေ့က စလို့ရောင်းချ ပေးရန် ညွှန်ကြားခဲ့ပါတယ်။ ၎င်းကော်ပိုရေးရှင်း (၄) ခုတို့က နယူးဒေလီမှ တစ်ကီလိုရူပီး (၃ဝ) နဲ့ ၂၇.၁.၂ဝ၁၁ ရက်နေ့ထိ ရောင်းပေး နေကြောင်း သိရပါတယ်။ ၂၁.၁၂.၂ဝ၁ဝ ရက်နေ့ စားသုံးသူရေးရာဝန်ကြီးဌာန Nafed နဲ့ NCCF ပြုလုပ်တဲ့ အစည်းအဝေးမှာ ဒီဇင်ဘာလတတိယပတ်အတွင်း ကြက်သွန်နီဈေးနှုန်း တစ်ကီလိုရူပီး ၇ဝ မှ ၈၅ ထိ အခြေအနေကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးရဲ့ အကျိုးသက်ရောက်မှု ကတော့ ကြက်သွန်နီအဓိကထုတ်လုပ် တဲ့Naskih မှာ တစ်ကီလိုရူပီး ၁၃ မှ ၁၄ ထိ နယူးဒေလီ၌ ရူပီး ၁၄ မှ ၁၇ ထိလျှော့ကျအောင် ဆောင်ရွက်ခဲ့တဲ့ အတွက် ကြက်သွန်နီဈေးနှုန်း တည်ငြိမ်အောင် လျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရပါတယ်။ စားနပ်ရိက္ခာဝန်ကြီးအနေနဲ့ ကြက်သွန်နီနှင့်ပတ်သက်လို့ အပြည့်အဝထိန်း ချုပ်နိုင်တဲ့တိုင်အောင် ပြည်ပတင်ပို့မှုကို ပြန်လည်စတင်ဖို့ ဆုံးဖြတ်ချက်တစ်စုံ တစ်ရာမရှိကြောင်း ပြောကြားခဲ့ပါတယ်။ ၁ဝ.၁၂.၂ဝ၁ဝ ရက်နေ့အထိ ကြက်သွန်နီပြည်ပတင်ပို့မှုအပေါ် ကန ဦးရပ်ဆိုင်းခဲ့တဲ့နောက် အိန္ဒိယအစိုးရ အနေနဲ့ ဈေးနှုန်းမြင့်မားမှုကို ထိန်းချုပ်ရန် ကာလအပိုင်းအခြားမရှိ ပြည်ပ သင်္ဘောတင်ပို့မှုကို ပိတ်ပင်ခဲ့ပါတယ်။ NHRDF (National Horticultural Research Development Foundation) သည် အဓိကမြို့ကြီး များအတွင်း ကြက်သွန်နီ၊ ကြက်သွန်ဖြူ နဲ့ အာလူးစတဲ့ မရှိမဖြစ်သီးနံှများရဲ့ နေ့စဉ်ဈေးနှုန်းများကို ထုတ်ပြန်လျက်ရှိရာ Maharshtra ပြည်နယ် Naskih ခရိုင် အတွင်းရှိ Lassalgon ကြက်သွန်နီ လက်ကားဈေးနှုန်းမှာ တစ်ကီလို ၁၄ ရူပီးနဲ့ Pimpalgaon ဈေးကွက်မှာ တစ် ကီလို ၁၂ ရူပီးထိ ကျဆင်းခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယကြက်သွန်နီကုန်သည် ကြီးများ၏ အထွေထွေအတွင်းရေးမှူး ရဲ့ ပြောကြားချက်အရ အာရှ၏ အကြီး ဆုံး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ဈေးကွက်ကြီး Azadpur မှာ ကြက်သွန်နီလက်ကားဈေးနှုန်းမှာ တစ်ကီလို ၁၄ မှ ၁၇ ထိ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယပြည်တွင်းမှာ ကြက်သွန်နီယခင်က တစ်ကီလို ၇ဝ မှ ၈၅ ရူပီးရှိ ရာမှ အခု ၂၂-၂၃ ရူပီးဖြစ်လို့ ထက်ဝက် ကျော်ဈေးကျဆင်းသွားကြောင်း ဖော်ပြ အပ်ပါတယ်။T60
Background