Main menu

Background

ဘုရင့်နောင်မှာမတ်ပဲနဲ့ ပဲစင်းငုံနီဈေးလှုပ်၊ ပဲတီစိမ်း(ခရမ်းရွှေဝါ)ဈေးဖွင့် အရောင်းရှိ

Sun, 02/06/2011 - 11:24 -- Anonymous (not verified)

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်            ရေတွက်ပုံ                (ပြည်ပရောင်း)                (ပြည်တွင်းရောင်း)                ပြောင်းလဲမှု                                                           ယခင်        ယခု                  ယခင်         ယခု ၁ မတ်ပဲ(RC)                     ၁ တန်          ၇၃၂ဝဝဝ- ၇၂၅ဝဝဝ                -              -၂ မတ်ပဲ(SQRC)                 ၁ တန်           ၈၃ဝဝဝဝ-၈၁၅ဝဝဝ               -             -၃ မတ်ပဲ(ကုန်ကြမ်း)           ၁ ပိဿာ                   -                              ၁၁၉၅-၁၁၈၅၄ ကုလားပဲဖြူလုံးကြီး         ၁ပိဿာ                    -                              ၁၂ဝဝ-၁၃ဝဝ၅ ပဲစင်းငုံနီ(သစ်)(RC)         ၁တန်                      -                           ၇၂၈ဝဝဝ-၇၄ဝဝဝဝဘုရင့်နောင်မှာမတ်ပဲနဲ့ ပဲစင်းငုံနီဈေးလှုပ်၊ ပဲတီစိမ်း(ခရမ်းရွှေဝါ)ဈေးဖွင့် အရောင်းရှိ                  ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)၊ ပဲစင်းငုံနီ (RC) နဲ့ ပဲတီစိမ်း(ခရမ်းရွှေဝါ)တို့အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ မတ်ပဲ(RC)က အစပိုင်းရက်တွေမှာ အိတ်စပို့ဝယ်လက်က တစ်တန်ကို ၇၃၅ဝဝဝ ကျပ်နဲ့ အဝယ်ရှိရာက နောက်ပိုင်းမှာ အိန္ဒိယ မွန်ဘိုင်းဈေးကွက်မှာ မြန်မာ့မတ်ပဲဈေးအနည်းငယ်ဆင်းလာတာကို အကြောင်းပြပြီး ဈေးချဝယ်ယူမှုတွေရှိတာကြောင့် ၂-၂-၂ဝ၁၁ နေ့ မှာ တစ်တန်ကို ၇၂၅ဝဝဝ ကျပ်သို့ ဈေးဆင်းလာပြီး တစ်ပတ်အတွင်း တန် ၁၆၁၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ပဲစင်းငုံနီ (RC)ကို အိတ်စပို့ဝယ်လက်တွေက ဈေးကွက်မှာ အပြိုင်အဆိုင်ဈေး ပေးပြီး အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် လာ ပြီး တစ်တန်ကိုအနိမ့်ဆုံး ၇၃ဝဝဝဝ ကျပ်မှ အမြင့်ဆုံး ၇၅၅ဝဝဝ ကျပ်အတွင်း တန် ၈ဝ၅ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကာ ယခင်အပတ် နဲ့စာရင် တစ်တန်ကို ၂၇ဝဝဝ ကျပ်ခန့်ဈေးမြင့်လာတယ်လို့ ပဲကုန် သည်တစ်ဦးကဆိုပါတယ်။ ဒါ့အပြင် အိတ်စပို့ဝယ်လက်တွေက ပဲတီစိမ်း(ခရမ်းရွှေဝါ)ကိုလည်း တစ်ပိဿာ ၁၉၅ဝ ကျပ်(တစ်တန်ကို ၁၁၉၄၁၆ဝ ကျပ်)နဲ့ တန် ၂၃၈ ခန့်ဈေးဖွင့်အဝယ်ရှိခဲ့တယ်လို့ သိရ ပါတယ်။