Main menu

Background

မန ္တလေးမှာ ပဲတီစိမ်း ဈေးကျပြီး ပဲစင်းငုံနီဈေးမြင့်

Sun, 02/06/2011 - 11:38 -- Anonymous (not verified)

မန္တလေးကုန်စည်ဒိုင်စဉ် အမျိုးအမည်      ရေတွက်ပုံ              (ပြည်ပရောင်း)            (ပြည်တွင်းရောင်း)                        ပြောင်းလဲမှု                                                       ယခင်        ယခု              ယခင်       ယခု ၁ ပဲတီစိမ်းကြီး             ၁ တန်          ၁ဝ၃၄၃၂၆-၁ဝ၁၂၂၈ဝ           -           -၂ မတ်ပဲ                     ၁ ပိဿာ                    -                        ၁၁၃၃-၁၁ဝဝ၃ ကုလားပဲဖြူလုံးကြီး   ၁ ပိဿာ                   -                         ၁၄၁၅-၁၂၂၃၄ ပဲစင်းငုံနီ                 ၁ ပိဿာ                   -                         ၁၁၁၇-၁၁၅ဝဆက်သွယ်ရန် ဖုန်း-ဝ၂-၃၄၂၇၃ မန ္တလေးမှာ ပဲတီစိမ်း ဈေးကျပြီး ပဲစင်းငုံနီဈေးမြင့်                     ဒီတစ်ပတ်မှာ ပဲတီစိမ်းကြီး ကို တရုတ်ဝယ်လက်က တရုတ်နှစ် ကူးပွဲတော် ရှိနေတာကြောင့် အဝယ်နည်းနည်း ပြန်အေးသွားသဖြင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၁၆၅၃ ကျပ် (တစ် တန်ကို ၁ဝ၁၂၂၈ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝဝ မှ ၂ဝဝဝ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီကီ ဈေးကွက်သို့ အဝင်လှိုင်နေသလို အိတ်စပို့ဝယ်လက်တွေကလည်း အပြိုင်အဆိုင် ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်မြင့်လာပြီးပြီး တစ်ပိဿာကို ၁၁၅ဝ ကျပ် (တစ်တန်ကို ၇ဝ၄၂၄၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၂ဝဝဝ ကြား အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ မန်းဈေး ကွက်မှာ ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်တွေ သာမက ပဲလက်ကျန် အဟောင်းရှိတဲ့ ကုန်သည်များကလည်း ပဲအဟောင်းတွေထုတ်ရောင်း ပြီး ပဲစင်းငုံနီအသစ်တွေ ပြန်ဝယ်နေတာကြောင့် ဈေးကွက်မှာအရောင်းအဝယ် စည်ကားနေတယ်လို့ သိရပါတယ်။