Main menu

Background

ကုန်စည်ဒိုင်သုံးသပ်ချက်

Mon, 02/07/2011 - 06:31 -- Anonymous (not verified)

 ကုန်စည်ဒိုင်သုံးသပ်ချက်           မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ပို့ကုန်ဝင်ငွေ ဒေါ်လာ တန်ဖိုး အေးနေတာရယ်၊ ပြည်တွင်းဈေးကွက်အတွင်းကို မကြာမီ ပဲအသစ်တွေ အဝင်လှိုင်နိုင်တာရယ်ကြောင့် တွက်ချက်ဝယ်ယူမှု တွေရှိနေလို့ ဘုရင့်နောင်၊ မန္တလေး၊ ပြည်၊ မုံရွာနဲ့ ဟင်္သာတမှာ ဈေးအနည်းငယ်ကျနေကြောင်း သိရ ပါတယ်။ ပဲစင်းငုံနီကို အိန္ဒိယဘက်မှာ ဈေးလှုပ်လာတဲ့အပေါ် မူတည်ပြီး အိတ်စပို့ဝယ်လက်တွေနဲ့ လှောင်လက်ကုန်သည်အချို့က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ ပြည်၊ မုံရွာ၊ မကွေး၊ မြင်းခြံ၊ ပခုက္ကူနဲ့ အောင်လံမှာ ဈေးမြင့်ေ့ နကြောင်း တွေ့ရပါတယ်။           ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်နဲ့ ရန်ကုန်ယ်လက်က တရုတ်နှစ်ကူးပွဲတော်နှင့် တိုက်ဆိုင်နေလို့ ဝယ်အား ပြန်အေးသွား တာကြောင့် မန္တလေးမှ ဈေးအနည်းငယ်ကျနေပြီး မုံရွာ၊ ပြည်နဲ့ မကွေးမှာ ဈေးအနည်းငယ်မြင့်နေကြောင်း တွေ့ရပါတယ်။ ကုလားဖြူလုံးကြီးကတော့ ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင် များက အဝယ်ပြန်အေးသွားသလို ရောင်းသူကုန်သည်တွေထဲမှာ လည်းပစ္စည်းပြတ်လပ်နေတာကြောင့် မန္တလေး နဲ့မုံရွာဈေးကျနေ ပြီး ဘုရင့်နောင်မှာ ဈေးအနည်းငယ်မြင့်နေကြောင်းတွေ့ရပါသည်။ ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင် များက တရုတ်နှစ်ကူးပွဲတော်ရှိနေလို့ အဝယ်ပါးသွားတာကြောင့် မူဆယ်မှာ ဈေးကျနေပြီး လားရှိုးတွင် ဈေးတန့် နေကာ တောင် ကြီးမှာ ဈေးမဆိုသိသလောက်မြင့်နေတာ တွေ့ရပါတယ်။