Main menu

Background

ဈေးကွက်ဝင်အရောင်းအဝယ်ဖြစ်နေတဲ့ ပန်းမွှေးခြောက်

Wed, 02/09/2011 - 09:15 -- Anonymous (not verified)

ဈေးကွက်ဝင်အရောင်းအဝယ်ဖြစ်နေတဲ့ ပန်းမွှေးခြောက်             မိုးကောင်းဒေသအတွင်း ယခုတလော ပန်းမွှေးခြောက်များ ဈေးကွက်မှာအရောင်းအဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။ မိုးကောင်းဒေသ သိုက်ဝါးကုန်း၊ အင်ကြင်းကုန်း၊ ထောင်နီ၊ ပင်းကျိုင်းကျေးရွာများရှိ သစ်တောများ အတွင်း သဘာဝအလျောက် ပေါက်ရောက်နေတဲ့ သစ်မွှေးပင်မှ ပန်းမွှေးခြောက်များရရှိပြီး ဈေးကွက်မှာတော့ ပန်းမွှေးခြောက် တစ်ပိဿာ ကျပ် ၂ဝဝဝဝ မှ ၂၂ဝဝဝ၊ ပန်းမွှေးအစို တစ်ပိဿာ ကျပ် ၃၈ဝဝ မှ ၄ဝဝဝ ဈေးပေးဝယ်ယူနေပြီး၊ တရုတ် ဘက်သို့တင်ပို့ရန် ဝယ်လက်များဝယ်ယူနေတာကြောင့် အရောင်းအဝယ်သွက်နေကြောင်း သိရပါတယ်။ တရုတ်နှစ်သစ် ကူးကာလမှာ တင်ပို့မှုရပ်ဆိုင်းနိုင်သော်လည်း နှစ်သစ်ကူးပြီးတာနဲ့ တင်ပို့နိုင်ရေးအတွက် ဝယ်လက်တွေကတော့ အဝယ်မရပ်ဘဲ စုဆောင်းဝယ်ယူနေတာကြောင့် အရောင်းအဝယ်မရပ်ဘဲ ဒေသများအတွက် အပိုဝင်ငွေတိုးနေကြောင်း သိရပါတယ်။မိုးကောင်းဒေသတွင်းမှာ ပန်းမွှေးခြောက်အပြင် သစ်မွှေးစိုက်ပျိုးသူများ၊ ပျိုးခြံများမှလည်း သစ်မွှေးမျိုးစေ့များကို နို့ဆီဘူးတစ်ဘူး ကျပ် ၆၅ဝဝဝမှ ၇၂ဝဝဝအထိ ဈေးပေးဝယ်ယူနေတာကြောင့် သစ်မွှေးမျိုးစေ့ ရှာဖွေသူများလည်း အလုပ်အကိုင်ရနေကြောင်း သိရပါတယ်။ ကိုကိုစိုး