Main menu

Background

ဖိလစ်ပိုင်အစိုးရက စပါးရိတ်သိမ်းရာသီပြီးချိန်အထိ စောင့်ဆိုင်း၍ ဆန်ဝယ်ယူတင်သွင်းနိုင်သည်ဟု ခွင့်ပြုထား

Tue, 02/15/2011 - 03:10 -- Anonymous (not verified)

ဖိလစ်ပိုင်အစိုးရက စပါးရိတ်သိမ်းရာသီပြီးချိန်အထိ စောင့်ဆိုင်း၍ ဆန်ဝယ်ယူတင်သွင်းနိုင်သည်ဟု ခွင့်ပြုထား               ကမ္ဘာ့ဆန်တင်သွင်းမှုအများဆုံး ဖိလစ်ပိုင်က ပြည်တွင်းဆန်ဖူလုံရေးအတွက် ပြည်ပမှ ဆန်ကို နှစ်စဉ် ဝယ်ယူ တင်သွင်းလျက်ရှိရာ ၂ဝ၁၁ ခုနှစ်အတွက် ဆန်မည်မျှဝယ်ယူမှာကို မဆုံးဖြတ်ရသေးကြောင်း သိရပါတယ်။ ၂ဝ၁ဝ ခုနှစ်က ဆန်တန်ချိန် ၂ ဒသမ ၄၅ သန်းကို မှတ်တမ်းတင်ဖွယ် ဝယ်ယူတင်သွင်းခဲ့ပါတယ်။ ယခုနှစ်အတွက် ဆန်တန်ချိန် ၁ သန်းနဲ့ ၁ ဒသမ ၅ သန်းကြား ဝယ်ယူတင်သွင်းဖို့ အစိုးရက ထောက်ခံချက်ပေးထားကာ စပါးရိတ်သိမ်း ရာသီပြီးချိန်အထိ စောင့်ဆိုင်း ဝယ်ယူနိုင်တယ်လို့ ခွင့်ပြုထားကြောင်း သိရပါတယ်။                  ဇန်နဝါရီလကုန်ပိုင်းအထိ စာရင်းအရ ဖိလစ်ပိုင်ပြည်တွင်းမှာ ဆန်တန်ချိန် ၃ ဒသမ ၃၉ သန်း (အမျိုးသားစားနပ် ရိက္ခာ အာဏာပိုင်အဖွဲ့(NFA) တွင် သိုလှောင်ထားတဲ့ တန်ချိန် ၁ ဒသမ ၇ သန်းအပါအဝင်) သိုလှောင်ထားရှိကြောင်း၊ ၎င်းပမာဏက နောက်ထပ်ရက် ၉ဝ အတွက် လုံလောက်ကြောင်း (NFA)  က ပြောကြားပါတယ်။ ပပ၊Source:reuters.com