Main menu

Background

ကမ္ဘာ့ဆန်ထုတ်လုပ်မှုကို FAOက တိုးမြှင့်ခန့်မှန်း

Tue, 02/15/2011 - 03:10 -- Anonymous (not verified)

 ကမ္ဘာ့ဆန်ထုတ်လုပ်မှုကို FAOက တိုးမြှင့်ခန့်မှန်း                 FAO က ၂ဝ၁ဝ ရာသီအတွက် ကမ္ဘာ့စပါးထုတ် လုပ်မှုကို နိုဝင်ဘာလမှာ ခန့်မှန်းထားတဲ့ ပမာဏထက် တန်ချိန် ၃ သန်းတိုးမြှင့်ပြီး တန်ချိန် ၇ဝဝ ဒသမ ၇ သန်း(ဆန်တန်ချိန် ၄၆၇ ဒသမ ၃ သန်း) ထွက်ရှိမယ်လို့ ၂ဝ၁၁ ဇန်နဝါရီမှာ ခန့်မှန်း ထားပါတယ်။ အဓိကတော့ တရုတ်နိုင်ငံက တိုးတက် မယ့် အလားအလာနဲ့ ဘရာဇီး၊ ကမ္ဘောဒီးယားနဲ့ ထိုင်းတို့က လည်း အနည်းငယ်တိုးတက်ဖွယ်ရှိတာကြောင့်လို့ ဆိုပါတယ်။ ယခုနောက်ဆုံး ခန့်မှန်းလိုက်တဲ့ ၂ဝ၁ဝ ဆန်ထုတ်လုပ်မှုဟာ ၂ဝဝ၉ ရာသီထုတ်လုပ်မှုထက် ၃ ရာခိုင်နှုန်းပိုမိုမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း လာမယ့်လအနည်းငယ်မှာ ကမ္ဘာ့ မြောက်ဘက်ခြမ်းနိုင်ငံတွေရဲ့ ဒုတိယသီးထပ်စပါး အထွက် ပေါ်မှာ အများကြီး မူတည်နေတယ်လို့ ဆိုပါတယ်။ အမှန် တော့ ဆန်ထုတ်လုပ်တဲ့နိုင်ငံများစွာနဲ့ ပထမစပါးရာသီမှာ ၂ဝ၁ဝဇွန်လကတည်းကဖြစ်ခဲ့တဲ့ လာနီညာ အကျိုးဆက် ကြောင့် ရာသီဥတုဆိုးဝါးခြင်းရဲ့ ပုံမမှန်ခဲ့ခြင်းတို့ကြောင့် အထွက်လျော့ကျမှုတွေဖြစ်ခဲ့ရပါတယ်။ ကမ္ဘာ့ဆန်၏ ထုတ်လုပ်မှု             အာရှရဲ့ ထုတ်လုပ်မှုအနေနဲ့ တရုတ်နိုင်ငံရဲ့ တိုးတက်မှုနဲ့ အိန္ဒိယကလည်း ထုတ်လုပ်မှု ပြန်လည်ကောင်းမွန်လာတဲ့ အခြေအနေတွေအရ ၂ဝ၁ဝ မှာ စံချိန်သစ်အနေနဲ့ ၃ ရာခိုင် နှုန်းပိုမိုမယ်လို့ မျှော်လင့်ရပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘော ဒီးယား၊ အင်ဒိုနီးရှား၊ အီရန်၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ သီရိလင်္ကာနဲ့ ဗီယက်နမ်တို့မှာ စပါးထုတ်လုပ်မှု တိုးတက်ပေမဲ့တရုတ်တိုင်ပေ၊လာအို၊မြန်မာ၊ထိုင်းနဲ့ ပါကစ္စတန် တို့မှာ ရာသီဥတုကြောင့် စပါးအထွက်ထိခိုက်ဖွယ်ရှိပါတယ်။ အာဖရိကအနေနဲ့ အီဂျစ်နိုင်ငံမှာ နိုင်ငံရေးမတည်မငြိမ် ဖြစ်ပေမဲ့ အာဖရိကအရှေ့၊ အနောက်နဲ့ တောင်ပိုင်းမှာ အထွက်ကောင်းတာကြောင့် ၁ ရာခိုင်နှုန်းခန့်တိုးတက်မယ်လို့ ဆိုပါတယ်။ လက်တင်အမေရိကားနဲ့ ကာရေဘီယံအနေနဲ့ ဘရာဇီး၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ကျုးဘား၊ ဂုရာနာတို့ မှာ ရာသီဥတုဆိုးဝါးလို့ စပါးအထွက် ၆ ရာခိုင်နှုန်းနီးပါးကျ ဆင်းနိုင်တယ်လို့ ဆိုပါတယ်။ မြောက်အမေရိကားအနေနဲ့ အမေရိကန်မှာ ယခုရာသီစပါးအထွက်စံချိန်တင်ခဲ့တယ်လို့ ဆိုပါတယ်။ ဥရောပမှာတော့ လျော့ကျမယ်လို့ ခန့်မှန်းထားပြီး ပင်လယ်ကွေ့နိုင်ငံများကလည်း ထုတ်လုပ်မှုတိုးတက်မယ်လို့ ဆိုပါတယ်။ ကမ္ဘာဆန်ကုန်သွယ်မှု တိုးတက်ဖွယ်ရှိ             ၂ဝ၁ဝ ကမ္ဘာ့ဆန်ကုန်သွယ်မှုကို FAO  က ခန့်မှန်းရာမှာ ၂ဝဝ၉ ခုနှစ်ထက် ၆ ရာခိုင်နှုန်း ပိုမိုပြီး တန်ချိန် ၃၁ ဒသမ ၅ သန်းရှိမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အာရှနိုင်ငံတွေက ထုတ်လုပ်မှုကျဆင်းခြင်းကြောင့် ပြည်တွင်းသိုလှောင်မှုကို မြင့်တင်မယ့်မျှော်လင့်ချက်တွေအရ ယခုလိုတိုးမြင့် ခန့်မှန်း လိုက်ခြင်း ဖြစ်ပါတယ်။ လက်တင်အမေရိကားနဲ့ ကာရေ ဘီယံနဲ့ ဥရောပနိုင်ငံများက ဆန်ပိုမိုတင်သွင်းဖွယ်ရှိပြီး အာဖရိက က ဆန်ဝယ်ယူမှုလျှော့ချမယ်လို့ ဆိုပါတယ်။ ဆန်တင်ပို့မှုအနေနဲ့ ဗီယက်နမ်က တိုးတက်မှာဖြစ်သလို ပါကစ္စတန်၊ ထိုင်းနဲ့ အမေရိကန်တို့ကလည်း တိုးတက်တင်ပို့ဖွယ်ရှိပါတယ်။             ၂ဝ၁၁ ပြက္ခဒိန်နှစ်မှာ ကမ္ဘာ့ဆန်ကုန်သွယ်မှုဟာ ၂ဝ၁ဝ အတွက် ခန့်မှန်းပမာဏထက် အနည်းငယ်သာ လျှော့ကျပြီး တန်ချိန် ၃၁ ဒသမ ၄ သန်းရှိမယ်လို့ FAO က ခန့်မှန်း ထားပါတယ်။ ၂ဝ၁ဝ နဲ့ နှိုင်းယှဉ်ရင် ဆန်ရောင်းချမှု တိုးတက် မှာဖြစ်ပြီး ကာရေဘီယံက ဝယ်ယူမှု လျှော့ချနိုင်ကာ ဥရောပနဲ့ အာဖရိကတို့က ပိုမိုဝယ်ယူမယ့် သဘောရှိပါတယ်။ ပြည်ပ တင်ပို့မှုအနေနဲ့ ထိုင်းနိုင်ငံက လာမယ့်နှစ်မှာလည်း အလားတူ ဆန်တင်ပို့နိုင်မှာဖြစ်ပြီး ကမ္ဘောဒီးယား၊ တရုတ်နဲ့ မြန်မာနိုင်ငံတို့က ဆန်ပိုမိုတင်ပို့နိုင်ပေမဲ့ ပါကစ္စတန်နဲ့ ဗီယက်နမ် တို့ကတော့ ၂ဝ၁ဝ က ပိုပေမဲ့ ၂ဝ၁၁ မှာတော့ သင်္ဘော တင်ပို့မှု ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ၂ဝ၁၁ မှာ ကမ္ဘာ့ဆန်စားသုံးမှုပိုလာနိုင်                ၂ဝ၁၁ ကမ္ဘာ့ဆန်စားသုံးမှုအနေနဲ့ ၂ဝ၁ဝ ထက် ၃ ရာခိုင်နှုန်းတိုးတက်ပြီး တန်ချိန် ၄၆၁ သန်းရှိမယ်လို့ ခန့်မှန်း ထားပါတယ်။ လူတစ်ဦး ပျမ်းမျှဆန်စားသုံးမှုဟာ ၂ဝ၁ဝ ခုနှစ်ထက် ကီလိုဝက်ပိုပြီး ၂ဝ၁၁ မှာ ၅၇ ကီလိုနီးပါးရှိလာ နိုင်လို့ ဝယ်လိုအားမြင့်တက်ခြင်းနဲ့အတူ နိုင်ငံများစွာရဲ့ ပြည် တွင်းဆန်ဈေးနှုန်းကလည်း အမြင့်မှာဆက်ရှိနေဖို့ အထောက် အပံ့ဖြစ်စေပါတယ်။ သိုလှောင်မှုလည်းမြင့်တက်                   ၂ဝ၁ဝ ကမ္ဘာ့ဆန်ထုတ်လုပ်မှုဟာ စားသုံးမှုထက် တန်ချိန် ၆ သန်းကျော်ပိုမိုခြင်းက ၂ဝ၁၁ ကမ္ဘာ့လက်ကျန်ကို တန်ချိန် ၁၃၇ ဒသမ ၂ သန်းထိ ၅ ရာခိုင်နှုန်းမြင့်တက်လာ စေနိုင် တယ်လို့ ဆိုပါတယ်။ အဲဒီပမာဏကတော့ ၂ဝဝ၂ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးလို့ ဆိုပါတယ်။ ဆန်တင်ပို့နိုင်ငံ တွေ ဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ အမေရိကန်နိုင်ငံတွေမှာ သိုလှောင်လက်ကျန်တွေ တိုးတက်မှုရှိသလို ဆန်တင်သွင်း နိုင်ငံတွေ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ သီရိလင်္ကာနဲ့ ဥရောပ နိုင်ငံတွေကလည်း ၎င်းတို့ရဲ့ အရန်သိုလှောင်မှုကို တိုးမြင့်သွားမယ့် သဘောရှိနေပါတယ်။ ရောင်းချမှုများခြင်းက ဈေးမြင့်တက်မှုကို ဖိအားဖြစ်စေနိုင်တယ်လို့ဆို               ဂံျုနဲ့ပြောင်းဈေးကွက် သိသိသာသာမြင့်တက်ပေမဲ့ ကမ္ဘာ့ ဆန်ဈေးနှုန်းဟာ ၂ဝ၁ဝ မှာ ကျဆင်းခဲ့ရာက ဇွန်လမှာတော့ အတက်ဘက်ကို ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာလမှာ စပါးသစ်များ ဝင်ရောက် နေရာယူတာကြောင့် ဇန်နဝါရီမှာ တော့ ပြန်ကျဆင်းခဲ့ပါတယ်။ လာမယ့်လများမှာတော့ ဆန်ရောင်းချမှုများခြင်းက ဈေးကွက်ဈေးနှုန်းမတက်အောင် အတော်အသင့် ဖိအားဖြစ်စေနိုင်ပေမဲ့ နောက်စပါးသစ် ထွက်ရှိမှုအပေါ်တော့ များစွာမူတည်နေတယ်လို့ FAO က ခန့်မှန်းထားပါတယ်။ လမင်း၊ှSource: riceonline