Main menu

Background

မုံရွာပဲစင်းငုံ အဝယ်သွက်သလို သယ်ယူမှု မြင့်တက်

Tue, 02/15/2011 - 03:48 -- Anonymous (not verified)

မုံရွာပဲစင်းငုံ အဝယ်သွက်သလို သယ်ယူမှု မြင့်တက်           ဖေဖော်ဝါရီ ၁ဝ ရက်ပတ် မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်မှာ နယ်စုံက ပစ္စည်းဝင်ရောက်မှု များပြားလာခဲ့ပြီး၊ ဝယ်လက်မျိုးစုံအဝယ်သွက်ခဲ့ကာ သယ်ယူစီးဆင်းမှုလည်း မြင့်တက်ခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ်ဈေးကွက်မှာ တော့ ပဲစင်းငုံနီအဟောင်းတစ်တင်း အနိမ့်ဆုံး ၁၉ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂ဝဝဝဝ ကျပ်၊ ပဲစင်းငုံနီအသစ်တစ်တင်း အနိမ့်ဆုံး ၂၂၂ဝဝ ကျပ်မှ အမြင့်ဆုံး ၂၂၈ဝဝ ကျပ် ဖြစ်ပေါ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့မှာတော့ အဟောင်းတစ်တင်း ၁၉၅ဝဝ ကျပ်နဲ့ အသစ်တစ်တင်း ၂၂၃ဝဝ ကျပ် အရောင်းအဝယ် သွက်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ရန်ကုန်အဝယ်အော်ဒါ အနည်းငယ်သွက်ခဲ့ကာ ဒေသခံ ကုန်သည်တွေ ဝယ်ယူမှုသွက်ခဲ့လို့ တစ်ရက် တင်း ၇ဝဝဝ ဝန်းကျင် နေ့စဉ် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။             ဖေဖော်ဝါရီ ၁ ရက်ကနေ ၈ ရက်နေ့အထိ မုံရွာကုန်စည်ဒိုင်နယ်မြေ ကနေ ပဲစင်းငုံနီ စီးဆင်းမှုပမာဏ မြင့်တက်လာခဲ့ကာ မန္တလေးကို တင်း ၃ဝဝဝ ခန့်၊ ရန်ကုန်ကို တင်း ၁၂ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၂ဝဝဝ ခန့် စုစုပေါင်း တင်း ၁၇ဝဝဝ ထိ စီးဆင်းခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ ထွန်းလှိုင်