Main menu

Background

နယ်စပ်မှ ပဲတီစိမ်းတင်ပို့မှုလျော့

Tue, 02/15/2011 - 04:03 -- Anonymous (not verified)

 နယ်စပ်မှ ပဲတီစိမ်းတင်ပို့မှုလျော့                  ဖေဖော်ဝါရီလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း မြန်မာတရုတ်နယ်စပ်ရှိမူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးထွက် ပဲတီစိမ်းများကို လုံးပြည့်သာမက လုံးခြမ်းပါ ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ယခုအပတ်မှာ ပဲတီစိမ်းလုံးပြည့်ကန်ဒေါ်လာ ဝ ဒသမ ၆၂၁၄ သန်း တန်ဖိုးရှိ ၆၄၄ တန်ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၁၆၂ တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၃၂ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် လုံးပြည့် ၂၈၈ တန်နဲ့ လုံးခြမ်း ၁၇ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ယခင်အပတ်ကထက် ဈေးနှုန်းမြင့်ရရှိခဲ့သော်လည်း တရုတ်နှစ်သစ်ကူးကာလ ဖြစ်တဲ့ အတွက် တင်ပို့မှုလျော့နည်းခဲ့ရပါတယ်။ လာမဲ့အပတ်များမှာတော့ ပဲတီစိမ်းပိုမိုတင်ပို့နိုင်လိမ့်မယ်လို့ ခန့်မှန်းလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲတီစိမ်း(အကောင်း) ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -                                                      မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု              ယခင်          ပြောင်းလဲမှု          %         ယခု            ယခင်          ပြောင်းလဲမှု       %ပဲတီစိမ်း ၁၂၃၄၈၅၄      ၁၂ဝ၇၂၇၃         ၂၇၅၈၁         ၂ .၂၃       ၁၄၂၁          ၁၁၂၁           ၃ဝဝ            ၂၁MIRT (DOBT)