Main menu

Background

အရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်သွက်တဲ့ မန်းပဲတီဈေးကွက်

Tue, 02/15/2011 - 04:06 -- Anonymous (not verified)

အရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်သွက်တဲ့ မန်းပဲတီဈေးကွက်              မန်းဈေးကွက်သို့ ပဲခူး၊ ခရမ်းသုံးခွ ဒေသများက ပဲတီစိမ်း(ရွေဝါ)များဝင်ရောက်မှုရှိနေသလို မတ္တရာ၊ ရွှေဘို ဒေသများမှလည်း ပဲတီစိမ်းများ ဝင်ရောက်လျက်ရှိပါတယ်။ ဝင်ရောက်လာတဲ့ ပဲတီစိမ်းတွေထဲမှာ ခရမ်းသုံးခွ ပဲတီစိမ်း (ရွှေဝါ) များကတော့ တရုတ်အကြိုက်တွေ့နေတာကြောင့် ဈေးမြင့်လာတာ တွေ့ရပါတယ်။ ယခုတစ်ပတ်ပဲတီစိမ်း (ရွှေဝါ) တစ်ပိဿာ ၂ဝ၇၁ ကျပ်၊ တစ်တန် ၁၂၆၈၂၅ဝ ကျပ်၊ ပဲတီစိမ်း ထိပ်စတစ်ပိဿာ ၁၆၁၈ ကျပ်၊ တစ်တန် ၉၉ဝ၈၄ဝ ကျပ်၊ အလတ်စ တစ်ပိဿာ ၁၃၃၃ ကျပ်၊ တစ်တန် ၈၁၆၃ဝဝ ကျပ်၊ အောက်စ ၁ဝ၆၇ ကျပ်၊ တစ်တန် ၆၅၃၄၂ဝ ကျပ်ဈေးတို့နဲ့ ရောင်းဝယ်နေ ကြပါတယ်။ ဈေးကွက်အတွင်းမှာ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်း (ရွှေဝါ)နဲ့ ပဲတီစိမ်းထိပ်စများကို တရုတ်အကြိုက် တွေ့နေတာကြောင့် ဈေးမာပေမဲ့ အလတ်စနဲ့အောက်စများကိုတော့ ရန်ကုန်ဝယ်လက်နဲ့ ပဲခွဲစက်လုပ်ငန်းရှင်တို့က ဝယ်ယူ နေသော်လည်း အရောင်းအဝယ်အေးမြဲဖြစ်ပါတယ်။ ဒါကြောင့် ယခုတစ်ပတ်မှာ ပဲတီရွှေဝါနဲ့ ပဲတီထိပ်စတွေက အရောင်းအဝယ် သွက်ပြီး အလတ်စနဲ့ အောက်စကတော့ အရောင်းအဝယ်အေးတယ်လို့ ဆိုပါတယ်။ တင်ပို့မှုအနေနဲ့ တစ်ပတ်အတွင်း တရုတ်သို့ ၄ဝဝ တန်၊ ရန်ကုန်သို့ ၁၂ဝ တန် တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ ကျော်ကျော်မိုး