Main menu

Background

မန်းအဝယ်ရှိပေမယ့် မုံရွာပဲတီစိမ်းဈေးအေးလာ

Tue, 02/15/2011 - 04:08 -- Anonymous (not verified)

မန်းအဝယ်ရှိပေမယ့် မုံရွာပဲတီစိမ်းဈေးအေးလာ              မုံရွာကုန်ဝယ်ဒိုင်ရဲ့ ဖေဖော်ဝါရီပထမ ၁ဝ ရက်ပတ် ပဲတီစိမ်းဈေးကွက်အတွင်း နယ်ပစ္စည်းအဝင်ပုံမှန်ရှိခဲ့ပြီး၊ မန္တလေး- ရန်ကုန်အဝယ်လည်း ပုံမှန်ရှိခဲ့တယ်လို့သိရပါတယ်။ ယခုရက်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးကွက်ရဲ့ ပေါက်ဈေး များအနေနဲ့ စိမ်းကြီးတစ်တင်း အမြင့်ဆုံး ၃ဝဝဝဝ ကျပ်မှ အနိမ့်ဆုံး ၂၅ဝဝဝ ကျပ်သို့ ကျဈေးဖြစ်ပေါ်ခဲ့ပြီး၊ စိမ်းသေး ကတော့ တစ်တင်း ၂၃၅ဝဝ ကျပ်မှာ ငြိမ်နေတယ်လို့သိရပါတယ်။ အရောင်းအဝယ်အားဖြင့် မန္တလေးနဲ့ ရန်ကုန်ဝယ်လက် ပုံမှန်ရှိခဲ့တာမို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကိုတင်း ၁ဝဝဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ကာ ယခုရက်ပတ်အတွင်း မန္တလေးကို တင်း ၃ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၂၅ဝဝ ခန့် စီးဆင်းတင်ပို့ခဲ့ကြတယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်