Main menu

Background

ဝယ်လက်အပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ပဲတီစိမ်း

Tue, 02/15/2011 - 04:10 -- Anonymous (not verified)

ဝယ်လက်အပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ပဲတီစိမ်း                     ပြည်ပဲဈေးကွက်တွင် ပဲတီစိမ်းသီးနံှမှာ ၂ဝ၁၁ နှစ်စမှစ၍ အဝင်ပါးလာသလို အရောင်းအဝယ်လည်း အေးနေခဲ့ပါတယ်။ နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ ရန်ကုန်၊ မန္တလေးဝယ်လက်ရှိတဲ့ရက်မှသာ အိတ် ၁၅ဝ မှ အိတ် ၃ဝဝ-၄ဝဝ အထိ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ ဈေးနှုန်းကတော့ တစ်တင်း ၂၈ဝဝဝ ကျပ်ဖြင့် ယခင်အပတ်ကဈေးအတိုင်း ဈေးငြိမ်လျက် ရှိကြောင်းသိရပါတယ်။ ပဲတီစိမ်းသီးနံှရဲ့ ယခင်နှစ် ဇန်နဝါရီလဈေးနှုန်းမှာ တစ်တင်း ၃၆ဝဝဝ ကျပ်ထိ ဈေးမြင့် ခဲ့ကာ ယခုနှစ်မှာတော့ တစ်တင်း ၂၈ဝဝဝ ကျပ်သာရရှိခဲ့တဲ့အတွက် ပဲစိုက် တောင်သူများ ယခင်နှစ်လောက် အကျိုးအမြတ် မရဘူးလို့သိရပါတယ်။                                     ခင်ဆွေဝင်း