Main menu

Background

ပဲသစ်ပေါ်ချိန် ဈေးအေးလာတဲ့ မုံရွာကုလားပဲ

Tue, 02/15/2011 - 04:20 -- Anonymous (not verified)

ပဲသစ်ပေါ်ချိန် ဈေးအေးလာတဲ့ မုံရွာကုလားပဲ                 မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်ရဲ့ ဖေဖော်ဝါရီပထမ ၁ဝ ရက်ပတ်အတွင်းမှာ အသစ်ပေါ် V 2နဲ့  929 တချို့ ဈေးကွက်ထဲစတင် ဝင်ရောက် လာခဲ့ပြီး၊ ဈေးအနည်းငယ်အေးသွားခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ယခုရက်အတွင်း မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ပဲမျိုးကွဲအားလုံး ကျဈေးဖြစ်ခဲ့ရာ တိုင်ပေအဟောင်းတစ်တင်း ၂၄၅ဝဝ ကျပ်မှ ၁၉၅ဝဝ ကျပ်၊ V 2 အသစ်တစ်တင်း ၂၃ဝဝဝ ကျပ်မှ ၁၉၄ဝဝ ကျပ်နဲ့ 929 တစ်တင်း ၂၅ဝဝဝ ကျပ်မှ ၁၉၅ဝဝ ကျပ်သို့ အသီးသီးဈေးအေးသွားခဲ့တာတွေ့ရပါတယ်။ ယခုနှစ် ဈေးကွက် ဝယ်လိုအား ကောင်းမွန်နိုင်မှုမျှော်လင့်ချက်နဲ့ မုံရွာဒေသဝန်းကျင်မှာ ကုလားပဲတွေ တိုးခဲျ့စိုက်ပျိုးခဲ့ကြရာ အထွက်များနိုင်လို့ ဝယ်လက်တွေ ဈေးထိန်း နေတာဖြစ်နိုင်တယ်လို့ ကုန်သည်အခိုျ့က သုံးသပ်ကြပါတယ်။ မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာတော့ ဒေသတွင်းစက်မှုလုပ်ငန်းသမားများ ဝယ်မှုရှိခဲ့လို့ ယခုရက်ပတ်အတွင်း တစ်ရက် တင်း ၅ဝဝ မှ ၁ဝဝဝ ကြား အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ နယ်ထပ်ဆင့်တင်ပို့မှု မရှိသလောက် နည်းခဲ့ကာ မန္တလေးကို တင်း ၃ဝဝ ခန့်သာ တင်ပို့စီးဆင်းနိုင်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ထွန်းလှိုင်