Main menu

Background

အဝင်သွက်လာတဲ့ မုံရွာ ဠ၂ ဈေးကွက်

Tue, 02/15/2011 - 04:23 -- Anonymous (not verified)

အဝင်သွက်လာတဲ့ မုံရွာ ဠ၂ ဈေးကွက်              မုံရွာပဲဈေးကွက်မှာ ဖေဖော်ဝါရီ ပထမပတ်အတွင်း မုံရွာ၊ ယင်းမာပင်၊ ပုလဲနယ်ထွက် V 2 ကုလားပဲများ အဝင်လှိုင်လာတဲ့အတွက် နေ့စဉ် အိတ် ၅ဝဝ ခန့် ဝင်ရောက်လာပြီလို့သိရပါတယ်။ အသစ်ပေါ်လာတဲ့အတွက် V 2 ဈေးအနည်း ငယ် အေးလာပြီး၊ ယခုပထမပတ်အတွင်း အမြင့်တစ်တင်း ၂၂၅ဝဝ ကျပ်၊ အနိမ့် တစ်တင်း ၂၁၅ဝဝ ကျပ်ဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။ ယခင်နှစ် ကာလတူက V 2 တစ်တင်းပေါက်ဈေးမှာ တစ်တင်း ၁၇ဝဝဝ ကျပ်သာရှိခဲ့လို့ ယခုနှစ် ပေါက်ဈေးဟာ တောင်သူများအတွက် သင့်တင့်တဲ့ဈေး၊ ရောင်းပျော်တဲ့ ဈေးဖြစ်ကြောင်း ကုန်သည်များက ပြောပြပါတယ်။                 အောင်မင်း