Main menu

Background

အိန္ဒိယကုလားပဲဝင်ရောက်မှုက ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းချုပ်ဖွယ်ရှိ

Tue, 02/15/2011 - 04:23 -- Anonymous (not verified)

အိန္ဒိယကုလားပဲဝင်ရောက်မှုက ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းချုပ်ဖွယ်ရှိ                    အိန္ဒိယလက်ငင်းဈေးကွက်များမှာ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ပဲရရှိ နိုင်မှုနဲ့ ဝယ်လိုအားအရ ဈေးနှုန်းအတက်အကျအနည်းငယ်ရှိခဲ့ပေမဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ လက်ငင်းဈေးတစ်တန်ကို ရူပီး ၂၅၅ဝဝ-၂၅၆ဝဝ (ကန်ဒေါ်လာ ၅၆၅) ရှိပြီး၊NCDEX မှာ ဖေဖော်ဝါရီလ ကြိုပွိုင့်ဈေးက တစ်တန်ကို ရူပီး ၂၆ဝ မြင့်တက်ပြီး ရူပီး ၂၆၇ဝဝ (ကန်ဒေါ်လာ ၅၉ဝ) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဓိကဈေးကွက်တွေမှာ ကုန်သည်များက လက်ထပ်ပွဲများနဲ့ အလုပ်ရှုပ်နေတဲ့အတွက် ဝယ်လိုအား ဆက်လက်နည်းပါးနေလို့ ယခင်ရက်ဈေးများ အတိုင်းပဲရှိနေတယ်လို့သိရပါတယ်။ ဈေးကွက်မှ ပြောကြားချက်အရ ဈေးကစားသူ များဟာ ကုလားပဲလက်ငင်းဈေးတစ်တန်ကို ရူပီး ၃ဝဝဝဝ (ကန်ဒေါ်လာ ၆၆၂) ထိ မြင့်လာဖို့ ကြိုးစားနေပေမဲ့ ပဲအသစ်ဝင်ရောက်မှုက ဖေဖော်ဝါရီလ ဒုတိယ လဝက်အတွင်း အရှိန်အဟုန်ရလာပြီဖြစ်လို့ မြင့်တက်လာဖွယ်မရှိဘူးလို့ ဆိုပါတယ်။ အကယ်လို့သာ ပဲအသစ်ဝင်ရောက်မှု တိုးတက်လာမယ်ဆိုရင် ကုလားပဲ ဈေးနှုန်း ကျဆင်းနိုင်တယ်လို့ ကုန်သည် Sanjay Bansal  က ပြောကြားပါတယ်။ ယမင်းခင်၊ှSource: businessline