Main menu

Background

ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး (ဓာတ်ဆီ၊ ဒီဇယ်ဆီ)

Tue, 02/15/2011 - 04:39 -- Anonymous (not verified)

ဒီဇယ်တန်ချိန် သုံးသောင်းကျော်တင်သွင်းခဲ့            ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဒီဇယ် ပီပါနှစ်သိန်းသုံးသောင်းကျော်၊ တန်ချိန်အားဖြင့် သုံးသောင်းတစ်ထောင် ကျော်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တစ်ပတ်ကို ပျမ်းမျှ ဒီဇယ်တန်ချိန် သုံးသောင်းကျော် တင်သွင်းနေကြအတိုင်း ဒီတစ်ပတ်မှာလည်း တင်သွင်းခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ဒီဇယ်ဆီအဝင်မှာ တန်ချိန်လေး သောင်းရှစ်ထောင် ကျော်တင်သွင်းနိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ ယခင်သီတင်း ပတ်ထက် လျော့နည်းပြီး တင်သွင်းခဲ့ပါတယ်။ MIRT-DOT ယခုအပတ် ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သွင်းမှုလျော့နည်း              ဖေဖော်ဝါရီလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း ကော့သောင်းနဲ့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၁၉၇ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၂၂၇၅ဝ ဂါလန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၃ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၃၅၂၃ဝ ဂါလန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီရော ဒီဇယ်ဆီပါတင်သွင်းမှု လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT-DOBTပြည်တွင်း လက်လီအရောင်းအဝယ်ဈေးပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ဖေဖော်ဝါရီ ၂ဝ၁၁             ဝယ်ဈေးဓာတ်ဆီ(ကျပ်)           ဝယ်ဈေးဒီဇယ်(ကျပ်)ရက်     ရန်ကုန်      မန္တလေး              ရန်ကုန်        မန္တလေး၇           ၃၂ဝဝ       ၃၄ဝဝ                ၃ဝဝဝ         ၃၂ဝဝ၈           ၃၂ဝဝ       ၃၄ဝဝ                 ၃ဝဝဝ        ၃၂ဝဝ၉           ၃၂ဝဝ       ၃၄ဝဝ                ၃ဝဝဝ         ၃၂ဝဝ၁ဝ        ၃၂ဝဝ        ၃၄ဝဝ                ၃ဝဝဝ         ၃၂ဝဝ၁၁        ၃၂ဝဝ      ၃၄ဝဝ                  ၃၁ဝဝ         ၃၂ဝဝMIRT-DOT