Main menu

Background

အရပ်ဝယ်လက် အဝယ်လိုက်သဖြင့် ရွှေဈေးမြင့်လာ

Tue, 02/15/2011 - 04:46 -- Anonymous (not verified)

အရပ်ဝယ်လက် အဝယ်လိုက်သဖြင့် ရွှေဈေးမြင့်လာ                ရန်ကုန်ရွှေဈေးကွက်အတွင်း အရပ်ဝယ်လက် အဝယ်လိုက်သဖြင့် ရွှေဈေး များမြင့်လာကြောင်း ရွှေကုန်သည်ကြီးများထံက ကြားသိရသည်။ ''အခေါက်ဈေးကွက်ထဲမှာ အရပ်ဝယ်လက်က အဝယ်လိုက်လာတယ်။ အရပ် ဝယ်လက်က ဝယ်လက်ကုန်သည်ကြီးတွေနဲ့မတူဘူး။ ရွှေဝယ်မယ်ဆိုရင် ရွှေကိုရ အောင်ဝယ်တာ။ ငွေဈေးအေးတာ၊ ကမ္ဘာ့ရွှေဈေး ဒေါ်လာဈေးနှုန်းတွေ ဘာမှမ ကြည့်ဘဲကို ဝယ်တာ။ သူတို့ရဲ့ဝယ်ယူမှုကို ကမ္ဘာ့ဈေး၊ အန်နီဈေး ဘယ်လိုကိစ္စကမှ မသက်ရောက်ဘူး။ သူတို့ဝယ်ပြီဆိုရင် တအားလိုက်ဝယ်တော့တာပဲ။ ဖေဖော်ဝါရီ ပထမပတ်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ၆၃ဝဝဝဝ ဝန်းကျင်နဲ့ ငြိမ်နေခဲ့ပြီး၊ ဖေဖော်ဝါရီ ၁ဝ ရက်က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၆၄၁ဝဝဝ-၆၄၁၅ဝဝ ရှိခဲ့ကာ၊ ဖေဖော်ဝါရီ ၁၂ရက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ၆၄၂ဝဝဝ-၆၄၄ဝဝဝ ကျပ်ရှိခဲ့ပါတယ်''ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။                 ကမ္ဘာ့ရွှေပေါက်ဈေးမှာ ဇန်နဝါရီပထမပတ်တွင် တစ်အောင်စကို ၁၃၄ဝ- ၁၃၅၁ ဒေါ်လာဝန်းကျင်ရှိခဲ့ပြီး ဇန်နဝါရီ ၁ဝ ရက်နဲ့ ၁၁ ရက်တို့တွင် ဒေါ်လာ ၁၃၆ဝ ဝန်းကျင်ရှိနေသည်ဟု ဆိုသည်။ ခင်မျိုးသွယ်