Main menu

Background

၂ဝ၁ဝ ပြည့်နှစ် ကမ္ဘာ့ရွှေထုတ်လုပ်မှုမှာ တရုတ်နိုင်ငံ ထိပ်ဆုံးရောက်လာ

Tue, 02/15/2011 - 04:48 -- Anonymous (not verified)

၂ဝ၁ဝ ပြည့်နှစ် ကမ္ဘာ့ရွှေထုတ်လုပ်မှုမှာ တရုတ်နိုင်ငံ ထိပ်ဆုံးရောက်လာ              ၂ဝဝ၇ ခုနှစ်ကစပြီး ကမ္ဘာ့ရွှေထုတ်လုပ်မှု အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ ၂ဝ၁ဝ ပြည့်နှစ်မှာ သူ့ရဲ့အနေအထား ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပြီး နှစ်အလိုက် တိုးတက်မှုနှုန်း ၂ ဒသမ ၅၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ပမာဏအားဖြင့် ၃၄ဝ ဒသမ ၈၈ တန်ရှိခဲ့တယ်လို့ တရုတ်ရွှေအသင်းက ဖေဖော်ဝါရီ ၆ ရက်က ပြောကြားပါ တယ်။ ရွှေထုတ်လုပ်မှု တိုးတက်ခဲ့တဲ့ အတွက် ဘဏ္ဍာရေးစွန့်စားရမှုနဲ့ ငွေ ဖောင်းပွမှုအန္တရာယ်က လွတ်ကင်း အောင် အကာအရံအဖြစ် ဆောင်ရွက် နိုင်ခဲ့သလို စီးပွားရေးကို အန္တရာယ်လုံခြုံ မှုရှိအောင် ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ အသင်းက ပြောပါတယ်။              ရွှေထုတ်လုပ်သူ အရေအတွက်က ၂ဝဝ၂ ခုနှစ်က ၁၂ဝဝ ခန့်ရှိခဲ့ရာမှ ၂ဝ၁ဝ ပြည့်နှစ်ကုန်မှာ ၇ဝဝ ပတ်ဝန်း ကျင်အထိ ကျဆင်းခဲ့ပါတယ်။ လောလောဆယ်မှာ တရုတ်နိုင်ငံမှာရှိတဲ့ တရုတ်ထိပ်တန်း ရွှေထုတ်လုပ်ရေး လုပ်ငန်း ၁ဝ ခုက တရုတ်ရွှေစုစုပေါင်း ထုတ်လုပ်မှုရဲ့ ၄၉ ဒသမ ၁၉ ရာခိုင်နှုန်းကို ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ ရှန်ဒေါင်း၊ ဟီနန်၊ ကျန်စီ၊ ယူနန်နဲ့ ဖူကျန်ပြည်နယ်ငါးခုက အဓိကရွှေ့ထုတ် လုပ်ရာ ပြည်နယ်ကြီးတွေဖြစ်ပြီး စုစုပေါင်းရွှေထုတ်လုပ်မှုရဲ့ ၅၉ ဒသမ ၈၂ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။ ဘဏ္ဍာရေး အကျပ်အတည်း ကြောင့် ရယူပိုင်ခွင့် စာချုပ်စာတမ်းတွေ ရဲ့ ဈေးနှုန်းတွေ အတက်အကျကြမ်းခဲ့ တဲ့အတွက် ရွှေကို လုံခြုံစိတ်ချစရာ ပစ္စည်းအဖြစ် တရုတ်ရင်းနှီးမြုပ်နံှသူ တွေရဲ့ ဝယ်လိုအားက မြင့်တက်ခဲ့ရပါ တယ်။ ဉာဏ်တင် Source : Xinhua