Main menu

Background

ဝယ်လိုအား ရောင်းလိုအားနဲ့ ပဲပုပ်ဆီဈေး အခြေအနေတွေကြောင့် သုံးနှစ်အတွင်း စားအုန်းဆီကြမ်းဈေး အမြင့်ဆုံးကိုရောက်ရှိလာ

Tue, 02/15/2011 - 05:53 -- Anonymous (not verified)

ဝယ်လိုအား ရောင်းလိုအားနဲ့ ပဲပုပ်ဆီဈေး အခြေအနေတွေကြောင့် သုံးနှစ်အတွင်း စားအုန်းဆီကြမ်းဈေး အမြင့်ဆုံးကိုရောက်ရှိလာ                   ရောင်းလိုအားနဲ့ ဝယ်လိုအားအခြေအနေ၊ ပြင်ပအပြောင်းအလဲများအရ မလေးရှားစားအုန်းဆီကြိုပွိုင့်ဈေးဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ သုံးနှစ်နီးပါး အတွင်း အမြင့်ဆုံးဈေးကို ရောက်ရှိခဲ့တယ်လို့ ဈေးကွက်မှ ပြောကြားပါတယ်။ တရုတ်နိုင်ငံရဲ့ ငွေကြေးမူဝါဒ တင်းကြပ်လိုက်ပေမဲ့ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ငွေကြေးအပ်နံှနှုန်းထားများကို မြှင့်တင်လိုက်ခြင်းက အနည်းငယ်တော့ ထိခိုက်ဖွယ်ရှိတယ်လို့ ကွာလမ်လာပူမှ ပွဲစားတစ်ဦးကဆိုပါတယ်။ လက်ငင်းစာခုျပ်ဈေးဟာ ဖေဖော်ဝါရီလ ၉ ရက်မှာ တစ်တန်ကို ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၃၁၄) ထိမြင့်တက်ခဲ့တယ်လို့ဆိုပါတယ်။ ဇန်နဝါရီလ စားအုန်းဆီထွက်ရှိမှုဟာ ယခင်လထက် ၁၆ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းဖွယ် ရှိတယ်လို့လည်း ဈေးကွက်က ခန့်မှန်းထားပါတယ်။                     မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ဧပြီလစာခုျပ်ဈေးဟာ ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး ရင်းဂစ် ၃၉၃၁ (ကန်ဒေါ်လာ ၁၂၉၁) ဖြစ်ခဲ့လို့ ၂ဝဝ၈ ခုနှစ် မတ်လမှာ တစ်ခါမှမကြုံဖူးတဲ့ ရင်းဂစ် ၃၉၄၈ (ကန်ဒေါ်လာ ၁၂၉၇) နီးပါးကိုမြင့်တက်လာတယ်လို့ဆိုပါတယ်။ စားအုန်းဆီဈေးကို အထောက်အပံ့ ဖြစ်ခြင်းက ဒေလီယံ ကုန်စည်ဒိုင်မှာ ပဲပုပ်ဈေးနှုန်း အပြောင်းအလဲကြောင့်လည်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ချီကာကိုမှာ မတ်လပဲပုပ်ဆီ ဈေးက ဝ ဒသမ ၆ ရာခိုင်နှုန်း မြင့်လာပြီး၊ တစ်ပေါင်ကို ကန်ဒေါ်လာ ၅၈ ဒသမ ၇၇ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၉၅) ဖြစ်လာခဲ့တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံက ပဲပုပ်ဝယ်လိုအား ဆက်လက်ခိုင်မာဖွယ်ရှိခြင်းကလည်း စားအုန်းဆီဈေးကို ပိုမိုမြင့်တက် စေတယ်လို့ စင်ကာပူအခြေစိုက် ကုန်သည် တစ်ဦးကဆိုပါတယ်။ လက်ငင်းဈေးကွက်မှာ ဧပြီ၊ မေနဲ့ ဇွန်လပို့ရမယ့် စားအုန်းဆီခဲ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၂၉ဝ-၁၂၉၂ ဒသမ ၅ဝ အတွင်းရှိတယ် လို့လည်းဆိုပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးက တစ်တန်ကို ရင်းဂစ် ၄၅ (ကန်ဒေါ်လာ ၁၄ ဒသမ ၇၈) တိုးပြီး ရင်းဂစ် ၃၉၆ဝ (ကန်ဒေါ်လာ ၁၃ဝ၁) ဈေးဖြစ်ခဲ့တယ်လို့သိရပါတယ်။ ယုဇန၊ Source: Palmoilhq.com