Main menu

Background

ယခုတစ်ပတ် နှမ်းတင်ပို့မှု အနည်းငယ်လျော့

Tue, 02/15/2011 - 05:55 -- Anonymous (not verified)

ယခုတစ်ပတ် နှမ်းတင်ပို့မှု အနည်းငယ်လျော့                ဖေဖော်ဝါရီလ ပထမပတ်မှာ ပင်လယ်ရေကြောင်းက နှမ်းတန်ချိန် ၅ဝဝ နီးပါးသာ တင်ပို့မှုရှိလို့ ဇန်နဝါရီလ နောက်ဆုံးတင်ပို့ခဲ့တဲ့ ပမာဏထက် အနည်းငယ် လျော့လာတာ တွေ့ရပါတယ်။ နှမ်းတင်ပို့တဲ့နိုင်ငံတွေကတော့ ပုံမှန်ဖောက်သည် များဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက် အသီးသီးမှာ နှမ်းကို ဆီစက်လုပ်ငန်းရှင်တွေရော ပြည်ပ တင်ပို့သူတွေပါ အဝယ်ရှိနေလို့ ဈေးမာနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရန်ကုန်  FOB ဈေးကတော့ ယခင်တစ်ပတ်လိုဘဲ သိပ္ပံနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT