Main menu

Background

လက်ကျန်နည်းလို့ နှမ်းဈေးမာ

Tue, 02/15/2011 - 06:02 -- Anonymous (not verified)

လက်ကျန်နည်းလို့ နှမ်းဈေးမာ                   ပြည်ဈေးကွက်တွင် နှမ်းအဝင်မရှိသလောက် နည်းသွားသဖြင့် လှောင်လက်များမှ နှမ်းများထုတ်ရောင်းနေ တာကြောင့် နှမ်းလက်ကျန်များ နည်း သွားပြီး ဖြစ်ပါတယ်။ နှမ်းလက်ကျန်များ နည်းသွားသဖြင့် ဆီစက်များမှ ဆီကြိတ်ရန် နှမ်းကို လိုချင်သလောက်ဝယ်မရခြင်းကြောင့် ဈေးပေးဝယ်ယူမှုတွေရှိနေလို့ နှမ်းဈေးမှာ တစ်ပတ်ထက် တစ်ပတ် မြင့်တက်လျက်ရှိသလို ဆီဈေးမှာလည်း ဈေးဆက်မာနေ ပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ်ကို ၈၂ဝဝဝ ကျပ်ဖြင့် ဈေးမြင့်တက်လျက် ရှိပါတယ်။ နှမ်းနက်မှာ လက်ကျန်ပြတ်သဖြင့် ဈေးဖွင့်ထားခြင်းမရှိပါ။ နှမ်းဆီဈေးမှာ တစ်ပိဿာလျှင် ၃၅ဝဝ ကျပ်၊ ၃၆ဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။                                        ဝေဝေမင်း