Main menu

Background

မတ်ပဲဈေးပြန်အေးလာ

Tue, 02/15/2011 - 06:19 -- Anonymous (not verified)

အိန္ဒိယ စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုဟာ ပဲမိုျးစုံနဲ့ အာလူး ဈေးကျဆင်းတဲ့အတွက် သိသိသာသာ လျော့ကျလာတယ်လို့ သိရပါတယ်။ စီးပွားကူးသန်းနဲ့ စက်မှုဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းအရ ဇန်နဝါရီလ ၂၉ ရက်မှာကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း စားနပ်ရိက္ခာ ဖောင်းပွမှုဟာ ၁၃ ဒသမ ဝ၇ ရာခိုင်နှုန်းဖြစ်ခဲ့လို့ ယခင်သီတင်းပတ်က ၁၇ ဒသမ ဝ၅ ရာခိုင်နှုန်းအောက် သိသိသာသာလျော့ကျခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးပြန်အေးလာ              ယခုသီတင်းပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဝယ်လိုအားနည်းနေတာကြောင့် မတ်ပဲဈေး ပြန်အေးလာခဲ့ပါတယ်။ ဈေးကွက်တွေမှာ လက်ကျန်နည်းတဲ့ အခြေအနေရှိပေမဲ့ အတ္တရာ ပရာဒေ့ရှ်က ပဲအသစ်တွေဝင်ရောက်လာခြင်းက ပြည်တွင်ဈေးကျဖို့ ဖိအားဖြစ်စေပါတယ်။ အစိုးရရဲ့ ဒုတိယအကြိမ်ခန့်မှန်းချက်အရ မတ်ပဲထွက်ရှိမှုဟာ မနှစ်ကထွက်ရှိတဲ့ တန်ချိန် ၁ ဒသမ ၂၅ သန်း ထက်ပိုပြီး ဒီနှစ်မှာ တန်ချိန် ၁ ဒသမ ၄၅ သန်းထွက်မယ်လို့ ဆိုပါတယ်။ အထွက်နှုန်းမြင့်မယ်လို့ ခန့်မှန်းပေမဲ့ အရည်အသွေးကောင်း မတ်ပဲမရရှိနိုင်ခြင်းကတော့ ဈေးနှုန်းကျဆင်းမှုကို ကန့်သတ်စေနိုင် မှာဖြစ်လို့ ကာလတိုအတွင်း လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မြန်မာမတ်ပဲ FAQ  ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁                                                                                  ဒေါ်လာ/တန် ဈေးကွက်               ၁ဝ .၂ .၁၁                ၉ .၂ .၁၁             ၈ .၂ .၁၁                  ၇ .၂ .၁၁မွန်ဘိုင်း                    ၈၈၃                        ၉၁ဝ                  ၉၁၄                        ၉၁ဝဒေလီ                   ၈၉၄-၉ဝဝ                     ၉ဝ၄                  ၉၂၅                        ၉၂၇ချန်နိုင်း                 ၉၄၃-၁ဝ၃၁             ၉၄၉-၁ဝ၃၇          ၉၃၆-၁ဝ၄၆          ၉၃၂-၁ဝ၄၂