Main menu

Background

ကုလားပဲလက်ရှိဈေးမှာ အပြောင်းအလဲအနည်းငယ်ရှိ

Tue, 02/15/2011 - 06:21 -- Anonymous (not verified)

 ကုလားပဲလက်ရှိဈေးမှာ အပြောင်းအလဲအနည်းငယ်ရှိ                    အိန္ဒိယကုလားပဲ လက်ငင်းဈေးကွက်တွေမှာ ယခုတစ်ပတ် လက်ရှိဈေးဝန်းကျင်မှာ အပြောင်းအလဲ ဖြစ်နေပါတယ်။ လတ္တာမှ ဝင်ရောက်လာတဲ့ ကုလားပဲ အရည်အသွေးကောင်းပေမဲ့ မဟာရပ် ရှတရာက ထုတ်လုပ်မှုမှာ မနှစ်ကထက်လျော့ကျမယ်လို့ ဈေးကွက်က ခန့်မှန်းထားပါတယ်။ အိန္ဒိယအစိုးရရဲ့ ဒုတိယအကြိမ်ခန့်မှန်းချက်အရ ၂ဝ၁ဝ-၂ဝ၁၁ ရာသီအတွင်း ကုလားပဲတန်ချိန် ၇ ဒသမ ၃၇ သန်း ဝန်းကျင်ထွက်မယ်လို့ ခန့်မှန်းထားလို့ မနှစ်ကထွက်ရှိခဲ့တဲ့ တန်ချိန် ၇ ဒသမ ၃၈ သန်းအောက် လျော့ကျမယ်လို့ ဆိုပါတယ်။ အိန္ဒိယ အစိုးရက ယခုနှစ်အတွက် ကုလားပဲတန်ချိန် ၇ ဒသမ ၅၈ သန်း ထွက်ရှိဖို့ မျှော်မှန်းထားပေမဲ့ မဒ္ဒရာပရာဒေ့ရှ်မှာအအေးပိုပြီး မဟာရပ် ရှတရာမှာ မိုးပိုမိုရွာသွန်းခဲ့တာကြောင့် မျှော်မှန်းထားတဲ့ ပမာဏ အောက် လျော့ကျခဲ့တာဖြစ်ပါတယ်။ ပဲအသစ်တွေဝင်ရောက်လာ တော့မှာဖြစ်လို့ ကာလတိုအတွင်း ဈေးနှုန်းကျဆင်းနိုင်တယ်လို့ ဈေး ကွက်က သုံးသပ်ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                                                    ဒေါ်လာ/တန်  ဈေးကွက်              ၁ဝ .၂ .၁၁           ၉ .၂ .၁၁              ၈ .၂ .၁၁                    ၇ .၂ .၁၁မွန်ဘိုင်း             ၅၇၆-၅၇၇                   ၅၈ဝ               ၅၇၈-၅၇၉                  ၅၈၁-၅၈၇ဒေလီ                 ၅၉ဝ-၅၉၂             ၅၈၇-၅၈၈             ၅၈၈-၅၈၉                 ၅၈၇-၅၉၂ကန်ပါ                    ၅၉၉                      ၆ဝ၃                      ၆ဝဝ                   ၅၉၉-၆ဝဝ